“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, September 9, 2012

အသဲပုံကြက်ဥကြော်နည်း

ကြက်ဥကြော်လေးကို အမြင်ဆန်းဆန်းနဲ့ စားချင်စဖွယ် အသဲပုံလေးလုပ်ပြီးကြော်နည်းပါ။
ဧည့်သည်လာလို့ကျွေးမွေးတဲ့အခါလဲ မျက်နှာပန်းလှတာပေါ့နော်။
ပထမဆုံးကြက်သွန်မိတ်နဲ့မုန်လာဥနီကို သေးသေးလေးတွေဖြစ်အောင်လှီးပေးပါ။


ကြက်ဥနဲ့ ကြက်သွန်မိတ်/မုန်လာဥနီတွေကို မရောခင် ကြက်ဥအနှစ်နဲနဲကိုသပ်သပ်ဖယ်ထားပါ။ပြီးမှရောမွှေပါ။ ဟင်းချိုမှုန့်ဆားလိုအပ်တာတွေထည့်ပါ။ကျန်တာက အောက်ကပုံလေးတွေကြည့်လိုက်ရင်သဘောပေါက်မှာပါ။
အိုးကိုတော့သန့်သန့် ကောင်းကောင်းလေးနဲ့ကြော်ပါ။




ရလာတဲ့ကြက်ဥအတုံးကို လှီးလိုက်ရင် အောက်ကပုံလေးလို ကြက်ဥကြော်လှလှလေးတွေရလာပါမယ်။


ရလာတဲ့ လေးထောင့်ပုံလေးကို အလယ်ကနေ ထောင့်ဖြတ်လှီးပေးပါ။
ပြီးရင် ရလာတဲ့ အပိုင်းနှစ်ခုကို ပြောင်းပြန်ဆက်လိုက်တဲ့အခါ အသဲပုံလေးဖြစ်သွားပါလိမ့်မယ်

အစောပိုင်းကဖယ်ထားတဲ့ကြက်ဥအနှစ်လေးကိုသုံးပြီး အသဲပုံဆက်ထားတာလေးကို ကပ်ပေးပါ။ပြီးရင် အိုးမှာခဏပြန်ကြော်ပေးပါ။
အခုဆိုရင်တော့ အသဲပုံကြက်ဥကြော်လေးကို စားသုံးနိုင်ပါပြီ။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A462306&xgs=1&xg_source=msg_share_post

No comments:

Post a Comment