“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, September 7, 2012

အိမ်လုပ် ပဲပြုတ်

ပဲပြုတ်ကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အမြဲစားလေ့ရှိပါတယ်။
ထိုချက်နည်းလေး ကို ဝေမျှပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

၁။ စားတော်ပဲ (Gargen Pea) – ၂၀၀ ဂရမ် (Martket၊ အိန္ဒိယ ကုန်စုံဆိုင်များမှာ ၀ယ်ယူနိုင်ပါသည်။)
မှတ်ချက်။ ။ စားတော်ပဲ ရှာမတွေ့ပါက Yellow bea ကို အစားထိုးဝယ်ယူနိုင်ပါသည်။
၂။ ဆိုဒါ – လက်ဖက်ရည်ဇွန်း တ၀က်

၃။ ထန်းညက် – ကြီးလျှင် ၂ခဲ၊ သေးလျှင် ၄ခဲ

ချက်ပြုတ်နည်း


၁။ အရင်ဆုံး စားတော်ပဲကို ဇလုံတစ်ခုထည့်ပြီ ရေများများထည့်၍ ရေ၀အောင်၂၄နာရီ ရေစိမ်ထားပေးပါ..

၂။ ပြီးလျှင် ပုံတွင် ပါသည့်အတိုင်း ရေစိမ်ထားသော စားတော်ပဲများကိုအပေါက်ပါသော ဇကာဗန်းထဲ
ထည့်ပြီ ရေစစ်လိုက်ပါ။

၃။ ပြီနောက် အညှောင့်ထွက်အောင် နောက် ၂၄နာရီခန့်ထပ်ထားပေးပါ။ ၄နာရီခြားတခါရေအနည်းငယ် တောက်ပေးပါ။ အပေါ်မှအ၀တ်သန့်လေးဖြင့် အုပ်ထားလိုက်ပါ။



၎။ အညောင့်ထွက်လာပြီဆိုလျှင် ဇလုံတစ်ခုထဲ ပဲများကို ထည့်လိုက်ပါ။

၅။ ပြီမှ ပဲထဲသို့ ဆားဆိုဒါ(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်မွှေပြီ မပြုတ်ခင်နာရီဝက်ခန့် နှပ်ထားပေးပါ။

၆။ ပဲကို စပြုတ်လို့ရပါပြီ။ ပဲမြုပ်ရုံ ရေကို ထည့်ပြီ မီးအနည်းငယ်ဖြင့်ရေခမ်းအောင် အထိ (၁နာရီ ၄၅မိနစ် မှ ၂နာရီခန့်)တည်ထားပေးပါ။ တည်ထားစဉ် အဖုံးအုပ်ထားပေးပါ။



၇။ စတည်သည်နှင့် ထန်းညက်ခဲလေးများပါ တခါထဲ ထည့်ပေးပါ။ ထန်းညက်ရည် ကြောင့် ပဲများဝါရာက ညှိပြီ ချိုစိမ့်ပြီးစားလို့ ပိုကောင်းပါသည်။


(ဆားလုံးဝမထည့်ပါနှင့်၊ ပြုတ်ပြီးမှ ထည့်ချင်ထည့်ပါ)




၈။ ပြုတ်ပြီ ၄၅မိနစ်ခန့် ကြာလျှင် ပဲပြုတ်အခွံလေးများ ကျွတ်ပြီ အပေါ်သို့ တက်လာပါ လိမ့်မည်။
ထိုအခွံလေးများ ဇွန်းဖြင့် အသာလေးဖယ်ပေးလိုက်ပါ။
 
၉။ ရေခမ်းသွားလျှင် ပဲပြုတ်အိအိလေး ရရှိပါပြီ။ ထမင်းပူပူလေးနှင့် ကြိုက်နှစ်သက်သလိုသုံးဆောင်နိုင်ပါပြီ….


http://www.wutyeefoodhouse.com  မှ မျှဝေပါသည်။

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1731628&xgs=1&xg_source=msg_share_post

No comments:

Post a Comment