“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, May 8, 2012

ရေခြားမြေခြား အလွမ်း

ကောင်းကင်လို မြင့်မား
နန်းတော်လို မခမ်းနား.....နွမ်းပါးတဲ့ ဘ၀ပါ....မေ။
ဘ၀သမားမို့....အလှစကားနဲ့
ခဏအနားမှာ မနေနိုင်
တစ်ဝမ်းတစ်ခါးအတွက်...လမ်းသလား
ဝမ်းနည်းစကားပဲ ဆိုပါရစေ......။
ကြိုးစားသမျှ အရာမထင်...
ဝေးသွားမှ ဒဏ်ရာ........မြင်
ချွေးစက်တွေကျ....သွေးမြေခလည်း
အားခဲမာန်တင်း...ရုန်းကန်ရင်း...လွမ်း
အသည်းနွမ်းပြီ....တမ်းတရသည်...ကေသရီ...။
ဘ၀အရေး...ခဏပြေးလို့
ထားခဲ့...ကျန်ရစ်....ကိုယ့်အချစ်ရေ
မျှော်လင့်စောင့်စား....သစ္စာထားလို့
လက်ချိုးရေတွက်...နေ့ရက်ဆက်လည်း
သည်းခံကျိတ်မှိတ်....လွမ်းတဲ့စိတ်နဲ့
ခံနိုင်ရည်ထား....ရေမြေခြားလည်း
ယုံကြည်စွာချစ်....တမ်းတရစ်ပါ...လွမ်းရစ်ပါ....။
တစ်ချိန်ချိန်.....ဆုံ
တစ်နေ့နေ့.....နီး
မဝေးတဲ့ ခရီးအတွက်....ယခုလို မောပန်း
ခန္ဓာနွမ်းလည်း....ဒူးထောက် သိုသိပ်
ချစ်တဲ့စိတ်နဲ့....အလွမ်းကို....ပိုက်
အသည်း...ခိုက်လည်း
အတူတကွ....နေခွင့်ရဖို့...
ဆုံစည်းရက်ရှည် လက်ချိုးရေ...ငါတို့ဘ၀တွေ နီးပါရစေ.....။
( ဘ၀အရေးအတွက် ရေခြားမြေခြားမှာ ချစ်သူနဲ့ခွဲပြီး ကြိုးစားရုန်းကန်နေသူများကို ရည်ရွယ်ပါတယ် )

No comments:

Post a Comment