“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, May 8, 2012

ချစ်တယ်.....

ဘာနဲ့မှ မလဲဖယ်နိုင်ရလောက်အောင်
အသည်းပေါက်မတတ်ချစ်မိတယ်.....။
တကယ်ချစ်ရဲ့လားလို့ မမေးနဲ့
ငါ့ ကိုယ်...စိတ်...နှလုံး သုံးပါးစလုံးက
နင့် နာမည်ကိုပဲ ရေရွတ်နေတယ်....။
ငါ တစ်ကောင်လုံးရဲ့ တစ်ကိုယ်လုံးမှာ
င့ါနှလုံးသားကပဲ နင့်ကို ကွက်ပြီးချစ်ရတာ
အားမရဘူးဟာ.....။
ချစ်တယ်လို့
အသံတိတ် ရင်ထဲက
အော်ဟစ်နေမိသမျှ
နှလုံးသားက လွမ်းဖျားလွမ်းနာကျတယ်.....။
ကဲ ကောင်မလေးရေ
ဘာဘာသာစကားမှ မပါဘူး၊ ဘာအထင်ကရမှ မရှိဘူး
ငါကတော့
ကံ၊ ကတ္တားမခွဲဘဲ နင့်ကို ချစ်တယ်...

(လင်းသထွန်း - LinnTha@gmail.com)ဧဒင်ဥယျာဉ် လင်းသထွန်းအိမ်သို့

No comments:

Post a Comment