“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, May 8, 2012

ချစ်မျက်ဝန်း(သို့)အကြည့်တစ်ချက်

အကြည့် စူးစူး
ရင်ထိ ဆူးလို့၊
စက္ကန့် မလပ် မြင်ချင်တယ်.....။
အကြည့်တစ်ချက်
နှလုံးရပ်လို့၊
ရူးရူးမူးမူး တွယ်တာတယ်.....။
အကြည့်အပြုံး
ပန်းတိုင်းရှုံးလို့၊
အရာအားလုံးထက် မြတ်နိုးတယ်.....။
အမြင်...အကြည့်
မယှဉ်မိတော့
သခင်သိရင်လည်း ပျော်ပါတယ်......။
ချစ်သူမျက်ဝန်း
အားပိုပြင်းလို့၊ အကြည့်တစ်ချက်နဲ့
သတိရပ်ကာ၊ နှလုံးကြွေကျ
သေနိုင်တယ်............။


(လင်းသထွန်း - LinnTha@gmail.com)ဧဒင်ဥယျာဉ် လင်းသထွန်းအိမ်သို့    

No comments:

Post a Comment