“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, May 8, 2012

ငါ့ အိပ်မက်တွေကို ဗွေမယူပါနဲ့

မုန်းလိုက်ပါ....မေ့လိုက်ပါ
အသက်ရှူလိုက်တိုင်း
ဘယ်ဘက် ရင်အုံကွဲ....မျက်ရည်ဝဲရုံကလွဲ
ငါ ပုံမှန်ပါပဲ ......။
ထားခဲ့လိုက်ပါ.....ထားခဲ့လိုက်ပါ အချစ်ရယ်
ဝေးကြပြီဆိုတဲ့ မီးအရောင်မှာ
တကူးတက မှောင် ထားရတဲ့ကောင်မို့
ဘာအရောင်မှ ထပ်မလိုဘူး.............
ဒီလိုနဲ့......
ခရီးတစ်ထောက်နဲ့တင် ရေတိမ်မှာ
ကောင်းကောင်းနစ်ခဲ့ရပြီ
ကောင်မလေးရေ...ကျေးဇူးပြုပြီး
ငါ့ အိပ်မက်တွေကို ဗွေမယူပါနဲ့
စစ်မှန်တဲ့ ချစ်ခြင်းတွေတိုင်းမှာ မထင်မှတ်တဲ့ အချိုးအကွေ့တွေရှိကြောင်း
အသည်းကွဲမှ ကောင်းကောင်းသိခဲ့ရပေါ့
ဖွဲ့နွဲ့ မပြောတော့ပါဘူး...
ခင်ဗျားကို ကျွန်တော် သေသေချာချာချစ်ခဲ့ပါတယ် အချစ်ရယ်.....။

(လင်းသထွန်း - LinnTha@gmail.com)ဧဒင်ဥယျာဉ် လင်းသထွန်းအိမ်သို့   

No comments:

Post a Comment