“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, February 18, 2014

ချစ်သူနဲ့ ခန္ဓာကိုယ်ချင်း လဲကြည့်မလား။ အမြင်စစ်ကိရိယာသစ်ဟာ စုံတွဲတွေကို မျက်လုံးတွေကတဆင့် ကြည့်မြင် ခံစားခွင့် ပေးပါတယ်။




သင့်ချစ်သူရဲ့ မျက်လုံးကတဆင့် ကမ္ဘာကြီးကို ကြည့်မြင်ချင်ဖူးလား။

Oculus Rift ခေါင်းတပ်ကိရိယာတွေကို သုံးပြီး ခန္ဓာလွှဲပြောင်းမှုကို စမ်းသပ်ရာမှာ တပ်ဆင်ထားသူတွေဟာ တစ်ယောက်မျက်လုံးကတဆင့် တစ်ယောက် ကမ္ဘာကြီးကို ရှုမြင်ခံစားခွင့်ရကြပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကို တစ်သားတည်းကျထားစေပြီး ခေါင်းမှာတပ်ထားတဲ့ display တွေကတဆင့် ကြည့်မြင်ပုံ၊ ခံစားပုံတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုမှာ BeAnotherLabရဲ့ Machine To Be Another (MTBA) စနစ်ကို အသုံးပြုထားပါတယ်။


တစ်ဖက်က ကိရိယာဝတ်ဆင်ထားသူဟာ ပိန်သည်၊ ၀သည်၊ အရပ်ရှည်သည်၊ ပုသည် ဘယ်လိုပဲဖြစ်ဖြစ် ပိန်ရင်ပိန်သလို၊ ပုရင်ပုသလို ဘယ်လို ခံစားရှုမြင်ရတယ်ဆိုတာကို ပြသပေးနိုင်ပါတယ်။ ဦးနှောက်သိပ္ပံ နည်းပညာတစ်ရပ်ကို အသုံးပြုထားတဲ့အတွက် ကိုယ့်ကိုကိုယ် တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ထဲ ရောက်သွား သလိုကို ခံစားရစေမှာပါ။

ချစ်သူစုံတွဲတွေသာ ဒီစက်ကိရိယာတွေကို သုံးကြည့်လိုက်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ကြား မျှဝေခံစားမှု၊ စာနာတတ်မှုတွေ မြင့်တက်လာမယ်လို့ ယုံကြည်ရပါတယ်။ သူနဲ့ ကိုယ့်ကြားက ခြားနားချက်တွေကို နားလည်တတ်မှုလည်း တိုးတက်လာမှာပါ။


Ref: www.dailymail.co.uk

No comments:

Post a Comment