“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, February 18, 2014

မိခင်နဲ့တူတဲ့ အမျိုးသမီးရှိတယ်လို့တော့မျက်စိမှိတ်ပြီး ငြင်းမနေပါနဲ့

မိခင်နဲ့တူဖို့

-အရာအားလုံး ခွင့်လွှတ်နိုင်ပါစေဦး
- သင့်အမှားတွေကို ပြုပြင်ပေးနိုင်ပါစေဦး
- သင် အရက်မူးလာတဲ့အခါ သင်အန်ချလိုက်တဲ့အ ရာတွေကို ဆေးကြောပေးနိုင်ပါစေဦး
- သင် အလုပ်အဆင်မပြေလို့ မာရေကြောရေပြောမိတဲ့အခါ အပြုံးမပျက် ခွင့်လွှတ်နိုင်ပါစေဦး
- သင်မနက်စာ စားဖို့အတွက်အဆင်သင့်အမြဲပြင်ဆင်ထားပါစေဦး
- သင်အိပ်မပျော်တဲ့ညတွေ ကို သီချင်းကလေးညည်းရင်းချော့သိပ်နိုင်ပါစေဦး
- သင်လိုတဲ့အခါသုံးဖို့ အိပ်ကပ်ထဲကအလွယ်တကူ ယူလို့ရပါစေဦး
- သင်သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ဖို့ အလွယ်တကူခွင့်ပြုပါစေဦး
- သင်ဘောလုံးပွဲကြည့်နေတဲ့အခါ ခြင်မကိုက်စေဖို့ ခြင်ဆေးလာထွန်းပေးစေပါဦး
- သင်နေမကောင်းတဲ့အခါ စွပ်ပြုတ်ပူပူနွေးနွေးတစ်ခွက်လုပ်ပေးပါစေဦး
- သင့်ကို အသက်ဘယ်လောက်ကြီးကြီး ရင်သွေးငယ်လေးလို ချစ်မ၀ ရှုမ၀နိုင်တဲ့အသည်းနှလုံးရှိပါစေဦး

အဲဒါတွေ အကုန်လုံးရှိရင်တောင်
မိခင် နဲ့တူတယ်လို့ ပြောဖို့ စောပါသေးတယ် ။

သက်တန့်ချို

No comments:

Post a Comment