“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, April 7, 2013

ကင်ဆာ ကြီးထွားမှုအား ရပ်တန့်နိုင်သည့် ငါးပရိုတင်းကို ရှာဖွေတွေ့ရှိ

Photo: ကင်ဆာ ကြီးထွားမှုအား ရပ်တန့်နိုင်သည့် ငါးပရိုတင်းကို ရှာဖွေတွေ့ရှိ

ပစိဖိတ်သမုဒ္ဒရာမှ တွေ့ရှိတတ်တဲ့ ငါးတွေကနေ ရရှိတဲ့ ပရိုတင်း ဒါမှမဟုတ် ပက်ပ်တိုက်ပ် တစ်မျိုးဟာ ဆီးကျိတ်ကင်ဆာနဲ့ တခြား ကင်ဆာတွေရဲ့ ပံျ့နှံ့မှုကို တားမြစ်နိုင်တော့မယ်လို့ မေရီလန်း ဆေးသိပ္ပံမှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ကင်ဆာရောဂါ ရှိသူတွေရဲ့ ကင်ဆာဆဲလ်ဟာ ပတ်ဝန်းကျင်ကို ပံျ့နှံ့ပြီး သွေးနဲ့ ပြန်ရည်ကြောမှ တစ်ဆင့် ခန္ဓာကိုယ် အနှံ့သို့ ပံျ့နှံ့တတ်တာကြောင့် သေဆုံးမှု အန္တရာယ် မြင့်မားပါတယ်။ ဥပမာအနေနဲ့ ဆီးကျိတ်ကင်ဆာဟာ အရိုး၊ အဆုတ်နဲ့ အသည်းကို ပံျ့နှံ့တတ်ပါတယ်။ဒီလေ့လာမှုဟာ ဂလိုင်ကိုပက်ပ်တိုက်ပ် ပါဝင်တဲ့ bioactive cod TFD ရဲ့ ဆေးကုသမှု အသုံးဝင်ပုံကို ပထမဆုံး ဖော်ထုတ်ထားတဲ့ လေ့လာမှု ဖြစ်ပါတယ်။
မြောက်ဝင်ရိုးစွန်းမှာ ရှိတဲ့ ငါးတွေမှာ အင်တီဂျင် မြင့်မားစွာ ပါဝင်တဲ့ ဂလိုင်ကို ပရိုတင်းတွေ ထုတ်လုပ်နိုင်ပါတယ်။ TFD 100 ခေါ်တဲ့ အထူး TFD တွေဟာ ပစိဖိတ်သမုဒ္ဒရာထဲမှ ငါးတွေထဲမှာ ရရှိနိုင်ပါတယ်။ အဲဒီ TFD ဟာ ဆီးကျိတ်ကင်ဆာ အပါအ၀င် ကင်ဆာ အမျိုးမျိုးရဲ့ ပံျ့နှံ့မှုကို ပိတ်ပင်ပေးတယ်လို့ သုတေသီတွေက တွေ့ရှိထားပါတယ်။ ဒီတွေ့ရှိမှုကြောင့် ငါးပရိုတင်းမှ ရရှိတဲ့ သဘာဝ ဓာတ်စာတွေဟာ ကင်ဆာပံျ့နှံ့မှုကို ပိတ်ပင်နိုင်ပြီး အသက်ရှင်နှုန်းကို မြှင့်တင်နိုင်တော့မယ်လို့ သုတေသီတွေက ဆိုပါတယ်။

Re-Post By ACM 6-4-2013
အေးချမ်းမွန် Credit & Copy From >ပြည်မြန်မာ << Thank

No comments:

Post a Comment