“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, April 7, 2013

သွေးကင်ဆာတွင်အသုံးဝင်သည့်ပန်းမုံလာ

Photo: သွေးကင်ဆာတွင်အသုံးဝင်သည့်ပန်းမုံလာ

ပန်းမုံလာ(Broccoli)မှရရှိသော ဓာတ်ပေါင်းတစ်မျိုးသည်သွေးကင် ဆာ(Leukemia)ကို ကုသရာတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရှိရ သည်။သုတေသနတစ်ရပ်တွင်ဖော်ပြ ထားမှုအရပန်းမုံလာများတွင်တွေ့ရှိ ရသော sulfora phane သဘာဝ ဓာတ်ပေါင်းသည်သွေးကင်ဆာ တွင် များ ပြားလာတတ်သောဆဲလ်များဖြစ် သည့်(acute lymphoblastic cells)များကိုနည်းပါးစေသည်ဟု ဆိုပါသည်။
ယခုလေ့လာမှုကိုဦးဆောင်သူ Baylor College of Medicine မှရောဂါဗေဒဌာနမှုး၊ပါမောက္ခ Dr. Daniel Lacorazza က''ဒီသုတေသန မှာလေ့လာခဲ့တဲ့ acute lymphoblastic leukemia ဆိုတာ ကလေးတွေ မှာအဖြစ် များတဲ့ သွေးဖြူဥ ကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ၈ဝ% လောက် မှာကုသမှုအောင်မြင်ပေမယ့် ကုသမှုကို မတုံ့ ပြန်နိုင်တဲ့ ကလေးတွေ လည်းရှိပါတယ်။ဒီအခါမှာကျွန်တော် တို့ဟာအခြားကုသမှုတွေကိုအစား ထိုး ရပါတယ်။ဥပမာအခုတွေ့ရှိမှုမှာပါ ဝင်တဲ့ဓာတ်ပေါင်းတွေကိုအသုံးပြုတာ မျိုးဖြစ်ပါတယ်''ဟုရှင်းပြခဲ့သည်။
sulforaphane သည် ကင်ဆာ ကျိတ်အများစုတွင်ကာကွယ်ကုသ နိုင် သော အစွမ်းရှိကြောင်း ယခင်လေ့လာ မှုအရသိရှိပြီးဖြစ်ပြီးပန်းမုံလာ အပြင် ဂေါ်ဖီထုတ်၊ပန်းဂေါ်ဖီများတွင်အများ ဆုံးတွေ့ရှိရသည်။ ယခု သုတေသန အရကင်ဆာကျိတ်များ အပြင်သွေးကင်ဆာ တွင်လည်းဆေး ဖက်ဝင်အာနိ သင်ရှိကြောင်း လေ့လာတွေ့ရှိခဲ့ခြင်းဖြစ် သည်။ ယခုလေ့လာမှုတွင်သုတေ သီများသည် sulf oraphane ကသွေး ဖြူဥ ကင်ဆာ ဆဲလ် များအပေါ်သက် ရောက်နိုင်မှုကိုကင်ဆာဝေဒနာရှင် ကလေးငယ်များတွင် လေ့လာခဲ့ရာ ကင်ဆာ ဆဲလ်များကိုသာသေစေနိုင်ပြီး ကလေးငယ်၏မူရင်းဆဲလ်များ အပေါ် သက်ရောက်မှုမရှိကြောင်း၊ ထို့အပြင် ကင်ဆာကာကွယ်နိုင်သည့် အာနိသင် လည်းတွေ့ရှိထားပြီးဖြစ်သည့်အတွက် ပန်းမုံလာကိုနေ့စဉ်စား သုံးပေးရန်လို အပ်ကြောင်းဖော်ပြထားသည်။
ယခုလေ့လာမှုကို International journal of oncology တွင်ဖော်ပြ ထားခြင်းဖြစ်သည်။
သန့်စင်
Ref;PTI
Health Updates Journal

Re-Post By ACM 5-4-2013
အေးချမ်းမွန် Credit & Copy From > Health Updates Journal<< Thank

No comments:

Post a Comment