“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, January 17, 2013

“အကောင်းဆုံး စိတ်ဓါတ်သည် အကောင်းဆုံးဘ၀ကို ဖန်တီး၏”


စိတ်ဓါတ်ကောင်းတဲ့သူဟာ လုပ်ရပ်ပါကောင်းပါတယ်။လုပ်ရပ်ကောင်းတဲ့သူအတွက် ရလဒ်ကောင်းပါတယ်။
ရလဒ်ကောင်းရင် ဘ၀ကောင်းပါတယ်။ဒီလိုပါပဲစိတ်ဓါတ်မကောင်းတဲ့သူဟာ လုပ်ရပ်လည်းမကောင်းနိုင်ပေ။
လုပ်ရပ်မကောင်းပါက ရလဒ်လည်း မကောင်းပေ။ရလဒ်မကောင်းရင် ဘ၀ကောင်းကို မတည်ဆောက်နိုင်ပါဘူး။
“အကောင်းဆုံး စိတ်ဓါတ်သည်အကောင်းဆုံးဘ၀ကို ဖန်တီး၏”

**************************

အောင်မြင်မှုလေးများကို ထိန်းသိမ်းခြင်းဟာ လှေကားထစ်လေးများကို တက်သွားသလိုပါပဲ။တဆင့်ပြီးတဆင့်
တက်သွားနိုင်ဖို့ဆိုတာ လက်ရှိရောက်နေတဲ့ အနေအထားခိုင်မြဲမှ နောက်တဆင့်ကို တက်တဲ့အခါ လွယ်ကူမှု
ရှိပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ လက်ရှိရောက်နေတဲ့ အနေအထားက ခိုင်မြဲမှု မရှိဘူးဆိုရင် နောက်တဆင့်ကို
တက်တဲ့အခါ ယိမ်းယိုင်ပြီး အတက်ခက်နိုင်ပါတယ်။ဒီထက်ဆိုးတာက ရောက်နေတဲ့နေရာကနေ အောက်ကို
ပြန်ကျခြင်းပါပဲ။ အပေါ်ရောက်ပြီးမှ အောက်ကို ပြုတ်ကျတဲ့သူဟာ ပြန်တက်ချင်စိတ် ကုန်ခန်းတတ်သလိုတစ်
ကနေပြန်တက်ရတဲ့အခါ အာရုံစူးစိုက်မှုလည်း နှေးသွားပါတယ်။ ဒီတော့ -ဖြည်းဖြည်းချင်းတက်ပါရောက်တဲ့နေ
ရာမှာ ခိုင်မြဲအောင်ရပ်ပြန်မကျပါစေနဲ့။

**************************

နောင်တ
နောင်တတရားဆိုတာ မကောင်းတဲ့အဓိပ္ပါယ်နှင့် လုပ်ရပ်ကို ဖြစ်ပေါ်စေတဲ့ စကားပါ။နောင်တဟာ ဘယ်တော့မှ
မကောင်းပါဘူး။ဒါပေမယ့် လူတိုင်းဟာ နောင်တ ရဖူးကြပါတယ်။သို့သော်-အောင်မြင်တဲ့သူတွေကတော့ နောင်တ
တစ်ခုရပြီးတာနဲ့အဲသည်လို နောင်တ မျိုးမိမိဘ၀မှာ နောက်ထပ်လုံးဝ ဖြစ်ပေါ်မလာအောင် ကြိုးစားပြီး နေပါတယ်။
မအောင်မြင်တဲ့သူကတော့ ပြင်ဆင်မှုမရှိဘဲ ပူဆွေးမှုတွေနဲ့သာ နေပါတယ်။
နောင်တ နှစ်မျိုးရှိပါတယ်။
လုပ်သင့်တာ မလုပ်တဲ့နောင်တ
မလုပ်သင့်တာကို လုပ်တဲ့ နောင်တ
အဲသည်နှစ်မျိုးထဲမှာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ခဲ့တဲ့ နောင်တထက်စာရင် မလုပ်သင့်မလုပ်ထိုက်တာကို
ပြုလုပ်ခဲ့တဲ့နောင်တက ပိုပြီးတော့ ဆိုးဝါးပါတယ်။လုပ်သင့်တာကို မလုပ်ခဲ့ခြင်းဟာ ပြန်လည်ပြင်ဆင်ဖို့ အခွင့်
အရေးရှိပေမယ့်မလုပ်သင့်တာကို လုပ်ခဲ့ရင်တော့ပြန်လည်ပြုပြင်ခွင့် မရှိပါဘူး။အောင်မြင်ချင်တဲ့သူအတွက်ဘယ်
နောင်တမှ မဖြစ်ပေါ်တာအကောင်းဆုံးပါပဲ။သို့သော်“မလုပ်သင့်တာကို လုပ်ရင် လုပ်သင့်တာကို မလုပ်ဖြစ်တော့ပါဘူး။”

**************************

ကျွန်းဖြစ်အောင်လုပ်ပါ
ရည်ရွယ်ချက်တစ်ခု ထမြောက် အောင်မြင်ချင်တယ်ဆိုရင် မိမိကိုယ်ကို ကျွန်းသဖွယ်ဖြစ်အောင် လုပ်ပါ။တချို့လူတွေက မိမိလိုချင်တဲ့အနေအထားတစ်ခု ရောက်ရှိစေဖို့ သူတစ်ပါးကို မှီခိုပြီး နေကြတယ်။သူတစ်ပါးကို မှီခိုလွန်းအားကြီးရင် မိမိအားက ထွက်မလာတော့ဘူး။အမြဲတမ်း သူတစ်ပေါးနောက်ကနေပဲ နောက်လိုက်အဖြစ်နဲ့နေနေရတယ်။ တုံးနေတဲ့ ဓါးတစ်ချောင်းလိုပဲ ဘာကိုမှ တိတိကျကျ ပြတ်ပြတ်သားသား ခုတ်လို့ မရဘူး။ကျွန်းတွေဟာမိမိကိုယ်ကို အားကိုးပြီးနေတယ်။ ဘယ်သူ့ကိုမှ ဆောက်တည်ရာအဖြစ် မထားဘူး။ဒီလိုပါပဲ အောင်မြင်ချင်တဲ့သူဟာ လူကြီးတစ်ယောက်လို နေရတယ်။ လူကြီးဆိုတာ ဘယ်လိုပြဿနာမျိုး ကြုံတွေ့ပါစေ၊ ကိုယ့်ဥာဏ်နဲ့ကိုဆုံး
ဖြတ်တယ်။ သူတစ်ပါးရဲ့အဆုံးအဖြတ်ကိုမခံဘူး။ ကလေးဆိုတာသူတစ်ပါးဆုံးဖြတ်ချက်အတိုင်း နေတယ်။ ကိုယ့်အားကိုယ်ကိုးပြီးနေတဲ့သူဟာ ကျွန်းနဲ့တူတဲ့ လူကြီးပါပဲ။သူတစ်ပါးအားကိုးပြီးနေတဲ့သူကတော့ ကလေးတစ်ယောက်ပါပဲ။ ဒါကြောင့် အောင်မြင်ချင်ရင် လူကြီးဖြစ်လောက်အောင် ကျွန်းတွေလို မိမိကိုယ်ကို ဆောက်တည်ရာဖြစ်အောင်ရပ်တည်ပါ။

**************************

အောင်မြင်ချင်ရင် မိမိအလုပ်ကို ချစ်ရပါမယ်။ နောက်တစ်ခုက မိမိ မချစ်နိုင်တဲ့အလုပ်မှာ မိမိရည်မှန်းချက်ပန်းတိုင်
ကိုမထားပါနှင့်။ မအောင်မြင်နိုင်ပါဘူး။

သတိုးနွယ်၏စာအုပ်မှကူးယူဖော်ပြသည်။
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1946365&xgs=1&xg_source=msg_share_post

No comments:

Post a Comment