“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, January 17, 2013

နယူးယောက်မြို့ လမ်းများပေါ်တွင် စိန်ရှာသည့် အလုပ်ဖြင့် တစ်ရက်ကို ဒေါ်လာ ၁၁၀ မက ရရှိ

diamond
ပုံမှာ မြင်တွေ့ရတဲ့သူဟာStepanian အမည်ရ အမျိုးသားတစ်ဦး ဖြစ်ပြီးသူ့အလုပ်ကတော့ နယူးယောက်မြိုလမ်းမပေါ်က စိန်ရှာသမား ဖြစ်ပါတယ်။

သူ့ကိုမြင်တော့ မြန်မာပြည်မှာက ပလပ်စတစ်အိပ်  ကောက်တဲ့ ကလေးတွေကို သွား သတိရပါတယ်။သို့ပေမယ့်Stepanian ကတော့ အများကြီး သာပါတယ်။

သူ့ဝင်ငွေကတစ်ပတ်ကို ဒေါ်လာ၈၂၀ရှိတယ်ဆိုတော့တစ်ရက်ပျှမ်းမျှဝင်ငွေက ဒေါ်လာ၁၁၀မကပါဘူး။အလုပ်က
နည်းနည်းတော့ပင်ပန်းပါတယ်။နယူးယောက်မြို့ကြီးလမ်းမပေါ်က ရေအိုင်မှာပါ မကျန်ကြားတွေကြားတွေထဲအထိတောင်လိုက်လံရှာဖွေရတာ ဖြစ်ပါတယ်။စိန်၊ရွှေတင်မကအခြားသောအဖိုးတန်ရတနာများကို တွေ့ ရှိပါတယ်။

တကယ် တွေ့ပါတယ်။အမေရိကန်ပြည်ထောင်စုကနယူးယောက်မြိုကြီးကလူတွေဟာအလုပ်တွေရှုပ်ပြီးလမ်းမကြီး
ကိုငုံ့ကြည့်ဖို့တောင်အချိန်မရကြပါဘူး။ဒါကြောင့်Stepanianလို့ပဲစိန်ရှာတဲ့သူအနည်းစုအတွက်အလုပ်ဖြစ်ပါတယ်။
ပျောက်တာတွေရော၊ပဲ့ကျထားတာတွေရော အဖိုးတန်ရတနာ အားလုံးကို သူတို့ ပိုင် သွားပါတယ်။ နှစ်ပေါင်း ၆၀မကတဲ့ အချိန်တွေ ကတည်းကတည်ရှိနေတဲ့စိန်ခဲ၊ ရွှေခဲတွေကိုတောင် တွေ့ရတတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်တစ်ပတ်တစ်ပတ်ရှာဖွေထားတာတွေကို ပြန်ရောင်းရင်အနည်းဆုံး ဒေါ်လာ၈၂၀ လောက်တော့ဝင်ငွေရ
တယ်လို့ ဆိုပါတယ်။ဒါကြောင့်နယူးယောက်မြိုကစိန်ရှာတဲ့အလုပ်ဟာလည်းဝင်ငွေမဆိုးတဲ့အလုပ်မို့ စိတ်ဝင်စားသူများပြားကြောင်း သိရပါတယ်။

www.yoyarlay.com/international-news/usa/33631-he-got-820-dollar-a-w...

No comments:

Post a Comment