“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, January 1, 2013

"" အချစ်လေလား ""

အကြည့်တွေ့ရယ်ဆုံလာရင်လေ သိပ်ခက်တယ်
နှိုင်းယှဉ်ပြလို့မရတဲ့စကားလုံးတွေရင်ထဲ
အညှာလွယ်တယ်လို့ ပြောချင်ပြောပါ
မင်းအပြုံးလေးတွေ့ရင် သိပ်ချစ်တာပဲ

သစ္စာစကားလည်း မဆိုပါဘူး
မုသားစကားလည်းမပြောပါဘူး
ယုံတယ်ဆိုရင်တော့ ကိုယ့်ချစ်ကို
လက်ခံပေးပါကွယ်

တစ်သက်မှာတစ်ကြိမ်
တစ်ကြိမ်မှာတစ်ယောက်တည်းမို့
အချစ်လေးရယ် ကိုယ့်ကိုပြန်ချစ်လိုက်ပါတော့ကွယ်

တစ်ရက်လည်းမဟုတ်ခဲ့ပါ
နှစ်ရက်လည်းမဟုတ်ခဲ့ပါ
ရက်တွေတရက်ပီးတစ်ရက်ကြာခဲ့ပါပီ
ခေါ်လေလေဝေးနေရမှာလား
မျှော်လေလေဆွေးနေရမှာလား
လိုက်နေတာသိရဲ့သားနဲ့ ပြေးနိုင်လွန်းသူလေးရယ်

အမူအရာလေး တမော့မော့
ပုတုန်းရောင်ဆံကေသာ ကြော့ကြော့မှာ
ပန်းပန်ဖို့ မောင်ရည်စူး နှင်းဆီဖူးလေး
မောင်ခူးလို့လာပြီ
ချစ်သူလေးရဲ့ ဆံကေသာထက်
ပြုံးရွှင်ကာ မြူးတူး ပန်ဆင်လိုက်စမ်းလေ

ချစ်သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း
ပန်းတစ်ပွင့် ပွင့်နေတယ်လို့ထင်မိ
ချစ်သူသွားရာနေရာများ
ပန်းမန်စုံလင်တဲ့ ဥယျာဉ်များဖြစ်သွားလေလား
စိတ်တွင်ခံစား အချစ်လေလား...........။

(ကိုဇော်)
iceheart.owner@gmail.com

No comments:

Post a Comment