“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, January 1, 2013

"" စောင့်လို့နေမှာပါ ""

မင်းနဲ့မှ ချစ်တတ်သွားတာပါ
မင်းနဲ့မှ ချစ်တာမချစ်တာ ငါသိခဲ့တာ
မင်းနဲ့မှ အချစ်အကြောင်းငါသိခဲ့တာ
ဒါတွေဟာ ရိုးလွန်းပါတယ်ကောင်မလေးရယ်
ငါကတော့ မင်းအပေါ်
ဘယ်လောက်ချစ်တယ်ဆိုတာတွေကို
ရိုးလွန်း အသုံးများလွန်းနေတဲ့စကားလုံးတွေနဲ့
မတင်စားချင်ဘူးကောင်မလေးရယ်....

ငါအချစ်ကို ထိခိုက်ပွန်းပဲ့သွားနိုင်လို့ပါ
ငါရဲ့အချစ်ဟာ အရမ်းသိမ်မွေ့နူးညံ့ပြီး
ပေးဆပ်ခြင်းတွေ ရယူခြင်းမရှိ
ယုယခြင်းတွေ ကြမ်းတမ်းခြင်းမရှိ
နွေးထွေးသော အချစ် အေးစက်စက်ဖြစ်ခြင်းမရှိတွေနဲ့
ပြည့်စုံနေတဲ့ အချစ်တွေနဲ့မင်းလေးကို
တသက်လုံးချစ်သွားမှာပါ
မင်းအနားဘယ်သူတွေပဲရှိရှိပေါ့ ကောင်မလေးရယ်
မပြောင်းမလဲ အကြောင်းမလွှဲပဲ
တထောင့်တနေရာကနေ မင်းလေးကိုယ့်ရင်ခွင်ဝင်လာမဲ့
တစ်နေ့ကို ကိုယ်ကျေကျေနပ်နပ်ကြီး စောင့်လို့နေမှာပါ......

(ကိုဇော်)

No comments:

Post a Comment