“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, January 1, 2013

အသက်ရှည် ကျန်းမာသောဘဝကို ပိုင်ဆိုင်စေ

 
အသက်ရှည်ကာ ကျန်းမာတဲ့အဘဝကို ရရှိစေဖို့အတွက် အောက်ပါနည်းလမ်းနှစ်ရပ်ဟာ အဓိကကျကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

၁။ အကောင်းဆုံးကို မျှော်လင့်ပါ ....
အမျိုးသမီး ကျန်းမာရေးဆိုင်ရာ လေ့လာမှုအရ အမျိုးသမီးဦးရေ တစ်သိန်းကို လေ့လာခဲ့ရာ အကောင်းမြင် နှုန်းများ သူတွေဟာ အဆိုးမြင်သူတွေထက် လေ့လာမှုအပြီး ပထမရှစ်နှစ်အတွင်း သေဆုံးနိုင်ခြေ ၁၄ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။

အကောင်းမြင်သူတွေဟာ လူမှုဆက်ဆံရေး ကွန်ယက်ခိုင်မာပြီး စိတ်ဖိစီးမှုကို ကောင်းကောင်း ထိန်းချုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။

၂။ ချစ်သောသူကို ကြင်နာပါ ...
စိတ်ဖိစီးမှု ခံစားရပုံချင်း တူနေရင်တောင် ဂရုစိုက်ရမယ့် ဘဝဖော်ရှိနေတဲ့ အိမ်ထောင်ရှင်တွေဟာ အရွယ် မတိုင်ခင် အသက်သေဆုံးနိုင်ခြေ ၃၆ ရာခိုင်နှုန်း လျော့နည်းကြောင်း မီချီကန်တက္ကသိုလ်လေ့လာသူတွေက ဆိုပါတယ်။ ချစ်တဲ့သူနဲ့ အတူရှိနေတာဟာ ခန္ဓာကိုယ်ကနေ ချည်နှောင်တဲ့ ဟော်မုန်းအောက်ဆီတိုစင် ထွက်စေခြင်းနဲ့ စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆောအထွက်နည်းစေခြင်းတို့ကို ဖြစ်ပေါ်စေတာ ကြောင့်ပါ။
ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှု ဟော်မုန်းရှိနေရင် သွေးဖိအား မြင့်တက်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျော့ကျစေနိုင်ပါတယ်။


Health
Mg Mandalay

No comments:

Post a Comment