လုပ်ဖော်ကိုင်ဖက်တွေက မေးတာပေါ့...
'ဟ... မဲလုံး၊ ဘာဖြစ်လာတာတုန်း'
'မနေ့က ရုံးအပြန်၊ ဘတ်စ်ကားပေါ်မှာ မိန်းမတယောက်က လက်သီးနဲ့ထိုးလိုက်တာ'
'ဘာဖြစ်လို့ထိုးတာလဲ'
'သူကငါ့ရှေ့မှာ ရပ်နေတာ၊ သူ့စကပ်နောက်က ဇစ်ကြီးကပွင့်နေတာလေ၊ ငါက အမြင်မတော်လို့ ဆွဲပိတ်ပေးလိုက်မိပါတယ် လှည့်လာပြီး လက်သီးနဲ့ ငါ့ညာဖက်မျက်လုံးကို ထိုးချလိုက်တာ'
'ဒါဆို ဘယ်ဖက်မျက်လုံးကရော ဘာဖြစ်တာလဲ'
'အော်.... ဇစ်ပိတ်ပေးလို့ စိတ်ဆိုးတာနေမှာဘဲလေ ဆိုပြီး၊ သူလည်း ဟိုဖက်လှည့်ရော ဇစ်ကို ပြန်ဆွဲဖွင့်လိုက်တာနဲ့ ...'
သန်၎ကို-ဘာသာပြန်သည်
No comments:
Post a Comment