“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, August 29, 2013

"စွပ်စွပ်စွဲစွဲ"(ဟာသ)

Photo: "စွပ်စွပ်စွဲစွဲ"

ကိုကျေးညို အရက်မူးပြီး ကားမောင်းလာတယ်။
ခဏနေတော့ ရဲကားတစ်စီး လိုက်လာပြီး သူ့ကို အရပ်ခိုင်းတယ်
ယာဉ်ထိန်းရဲနှစ်ယောက် ဆင်းလာပြီး သူ့ကိုစစ်ဆေးတယ်... ...

'လူကြီးမင်း အရက်သောက်လာသလား'
'သောက်ပါဝူးဂျ'
'ဒါဆို အောက်ခဏဆင်းပြီး လမ်းလျှောက်ပြပါ'
'ရတာပေါ့'
... ဆိုပြီး လမ်းလျှောက်ပြတယ်

အဲဒီအချိန်မှာဘဲ 
သူတို့နဲ့မလှမ်းမကမ်းမှာ ဝုန်းဒိုင်း ဆိုပြီး ယာဉ်တိုက်မှု ဖြစ်ပါလေရော...
သူ့ကိုစစ်နေတဲ့ ရဲတွေလည်း ပြသနာပိုကြီးတဲ့ အဲဒီနေရာကို ပြေးတော့တာပေါ့
တော်တော်ကြာတဲ့အထိ အဲဒီရဲတွေ ပြန်ပေါ်မလာတာနဲ့ ကိုကျေးညိုလည်း ဆက်စောင့်မနေတော့ဘဲ ကားပေါ်တက် မောင်းထွက်ခဲ့တယ်။

နောက်ရက်မနက် အိမ်တံခါးလာခေါက်လို့ ကြည့်လိုက်တော့ မနေ့ကရဲနှစ်ယောက် ဖြစ်နေတယ်
မသိချင်ယောင်ဆောင်ပြီး မေးလိုက်တယ်....

'ဘာကိစ္စလဲ ဗျာ'
'မနေ့ညက အရက်မူးပြီး ကားမောင်းမိပါသလား'
'ကားမောင်းပါတယ်၊ အရက်လုံးဝမသောက်ပါဘူး'

ဟွင်း ငြင်းလို့ရပြီလေ ခုချိန်ကျမှ ဘာနဲ့မှ စစ်လို့မရတော့ဘူး
ရဲက ဆက်ပြောတယ်... ...

'မနေ့ညက ကျနော်တွေ့တာတော့ တော်တော်မူးနေသလားလို့'
'စွပ်စွပ်စွဲစွဲဗျာ'

'လူကြီးမင်း မနေ့ညက မောင်းလာတဲ့ ကားရော'
'ဂိုထောင်ထဲမှာ ရှိပါ့'

'ကြည့်လို့ ရမလား'
'ရတာပေါ့'

ကားကို ဆယ်ခါပြန်တောင် စစ်လို့ရတယ်
ကျေးညိုပါနော် မှတ်မိတယ် မနေ့က ဘယ်မှ မတိုက်ခဲ့ဘူး

ခပ်တည်တည်ဘဲ ဂိုထောင်တံခါးကို ဖွင့်ပြလိုက်တာ
အထဲမှာ ရပ်ထားတာက... ...
ရဲကားကြီးတစ်စီး
အမိုးပေါ်က မီးလေးတွေတောင် တဖျပ်ဖျပ်နဲ့ ရှိနေဆဲ

https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်

No comments:

Post a Comment