“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, July 19, 2013

ဗိုက်နာလို့ ငိုတဲ့ကလေး

Photo: ဗိုက်နာလို့ ငိုတဲ့ကလေး

ကလေးတွေ ဗိုက်နာလေထိုး လို့ ငိုတာဟာ ရောဂါမဟုတ်ပါဘူး။ ဒါပေမယ့် မကြာခဏ ဗိုက်နာလေထိုး လေပွလို့ ငိုကြောရှည်ကြာလာမယ် ဆိုရင်တော့ မိသားစုဝင်တွေ၊ အနားက လူတွေ စိတ်ရှုပ်၊ စိတ်ညစ်လာစရာ ဖြစ်သလို ကလေးငယ်တွေ ခမျာ သနားစရာပါ။ ဒါကြောင့် ကလေး ဗိုက်နာပြီဆိုရင် စဉ်းစားစရာအချက် လေးတွေကို မိဘများနှင့် အများ ပြည်သူများ နားလည်လွယ်အောင် ရှင်းပြလိုပါတယ်။
အမှန်တော့ ဗိုက်နာတာဟာ ဆိုးဆိုးဝါးဝါးဖြစ်လှတာ မဟုတ်ပေမယ့် ခံရခက်ကြောင်း လူတိုင်းသိပါလိမ့် မယ်။ ဒါကြောင့် ကလေးငယ်တွေ ဗိုက်နာ ဗိုက်ပွ လေထိုး လေအောင့် မဖြစ်အောင် ဘယ်လိုနေထိုင် ကျွေးမွေး ရမလဲဆိုတာ သိဖို့လိုပါတယ်။

အများကြီး မကျွေးပါနှင့်

ကလေးက ထွားထွားလေးဆိုရင် ချစ်စရာကောင်းတယ်။ ဒါကြောင့် မိဘတွေက ကလေးကို အစွမ်းကုန် ပြုစုကျွေးမွေး ကြတယ်။ အမှန်တော့ ကလေး အစာအိမ်ကလေးဟာ ဘယ် လောက်ပဲ ရှိနေမယ်ဆိုတာ မတွေး မတော မဆင်ခြင်ကြဘဲ တစ်ပန်းကန် လုံးစာ စားနိုင်တယ်ဆိုလေ ထပ်ခွံ့ ကျွေးလေနဲ့ လက်လွန် တတ်ပါတယ်။ ဝမ်းခေါင်းမကျယ်သေးတဲ့ ကလေးဘဝ မှာ လက်ဖက်ရည်အကြမ်း တစ်ပန်း ကန်စာလောက် စားနိုင်ရင် လုံလောက် ပါပြီ။ အသား၊ ဟင်းရွက်၊ ငါး မျှတ အောင် ကျွေးပါ။ မဝါးနိုင်သေးတဲ့ အသားဖတ်တွေအစား ငါးလို နူးညံ့တဲ့ အသားချည်းကျွေးတာဟာ မျိုချရတာ အလွယ်တကူ ရှိလှတယ်ဆိုတာ သတိ ရပါ။ အစာကွေးချိန်မှန်ဖို့ (နို့စို့တဲ့ အရွယ်ဆိုရင်လည်း နို့မှန်မှန် တိုက်ဖို့) လိုတယ်။

ချော့မြူ၍ ချော့သိပ်ပါ

 သိပ္ပံနည်း မကျပေမယ့် ကလေး ငယ်တွေကို ရင်ခွင်ထဲ နွေးနေအောင် ပွေ့ပိုက်ပြီး ကျောလေးပုတ်ပေးတာ မျိုး၊ ဒါမှမဟုတ် ပုခက်ထဲထည့်လွှဲတာ၊ ဒါမှမဟုတ် ကလေးကို ရင်ခွင်ထဲမှာပဲ ထားပြီး မိမိကိုယ်ကိုလှုပ်ရမ်း လက်နှစ် ဖက်ကို ဘယ်ညာ တစ်လှည့်စီ စည်းချက်ကျစွာ) ယိမ်းလှုပ်ပေးပြီး ချော့သိပ်တာမျိုး လုပ်ရင် ကလေးဟာ ငိုနေရာကနေ ငြိမ်ကျပြီး အိပ်ပျော် သွားတတ်ပါသေးတယ်။ မိမိတို့ ပါးစပ် ကလည်း သားချော့တေးလေး၊ ဒါမှ မဟုတ် စိတ်သက်သာရာရအောင် "ကျွတ်ကျွတ်"ဆိုပြီး စုပ်ထိုးပေးသလို ချော့ရပါမယ်။ ဒါမှ ကလေးငယ် ငြိမ်သက်လာစေပါတယ်။

မွေးစ ကလေးငယ်တွေ ဘာကြောင့် အနှီးထွေးပေး ရပါသလဲ

ဒါလည်းရှင်းပါတယ်။ မိခင်ရဲ့ သားအိမ်ထဲမှာ ၁၀ လတာ ကာလ အကျင့်လေးအတိုင်း မွေးပြီးတာနဲ့ အနှီးလေးနဲ့ထုပ်ပိုးပေးထားလိုက်တော့ အမေ့ရဲ့ သားအိမ်ထဲမှာ နေခဲ့ရသလို သူ့အတွက် နွေးနွေးထွေးထွေးဖြစ်စေ တော့တာ အမှန်ပါပဲ။ သူ့အဖို့လည်း မစိမ်းတော့ပါ။ လေထိုးလေပွဖြစ်ရင် တောင် သူ့ဗိုက်လေးကို မိခင်ရဲ့ ရင်ဘတ်နဲ့ကပ်ပေး၊ ခေါင်းလေးထောင် ပေးလိုက်ခြင်းဖြင့် လေတွေက ထုံးစံ အတိုင်း ပေါ့ပါးပြီး အပေါ်တက်ကာ အစာရေမျိုမှတစ်ဆင့် ပါးစပ်ကနေ အေ့ခနဲထွက်ပြီး လေထိုးတာ သက် သာစေမှာပါ။

ကျောပိုးပေးထားပါ

လူအမျိုးမျိုး ဘယ်လိုပင် ကွဲပြား ကြပါစေ။ ကလေးငယ်လေးတွေကို မိခင်တွေ ကျောပိုးထားတာ သို့မဟုတ် ရင်ခွင်ထဲ သိုင်းထားတာဟာ ကြည်နူး စရာကောင်းတဲ့ မြင်ကွင်းပါ။ သူတို့ လေးတွေကလည်း မိခင်ကိုယ်ငွေ့နဲ့ ဖြစ်သူကလည်း အလုပ်အကိုင်မပျက် ပေါ့။

အနားယူပါ

ကလေးဟာ နေ့စဉ်ရက်ဆက် မသက်သာလို့ ငိုနေပြီဆိုရင် အဖေ တစ်လှည့်၊ အမေတစ်လှည့် သို့မဟုတ် အဘိုးအဘွား၊ အဒေါ်တွေ တစ်လှည့် စီ ထိန်းပေးမှသာ မိခင်ခမျာ သက် သာရာ ရလိမ့်မယ်။ အနားယူဖို့ လိုတယ်။ ဒီလိုမှမဟုတ်ရင် စိတ်ရှုပ် ထွေးပြီး ကလေးမွေးရတာ စိတ်ဓာတ် ကျသွားလိမ့်မယ်။

ကူညီပေးပါ

ကလေးငိုတာ မဆုံးနိုင်ရင်တော့ ဆရာဝန်ထံသွားဖို့ လိုပါပြီ။ ဒါပေမယ့် ကလေးစပြီး အီလာ၊ ငိုလာတဲ့အချိန် ကစပြီး ဘာတွေ ဘယ်လို ဖြစ်ပျက် လာသလဲ ဆိုတာလေး ချရေးထားပါ။ ဒါမှ ဆရာဝန်မေးတော့ ပြန်ဖြေနိုင် မှာပါ။  

BY HEALTH DIGEST

No comments:

Post a Comment