ကောင်းကျိုးချမ်းသာ ရဖို့ဆိုတာ အချက် ၄ ချက် လိုပါတယ်။ အဲဒီ အချက် ၄ ချက်နဲ့ကိုယ့်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရပါမယ်။
(၁)။“ငါ့သန္တာန်မှာ ကုသိုလ်စိတ် ဖြစ်စေရပါမယ်”။ ငါ့သန္တာန်မှာ ဒီလူ့ဘ၀ ရလာတဲ့အချိန်မှာ “ ကုသိုလ်
စိတ်” တွေ များများ ဖြစ်စေရပါမယ်။ ကုသိုလ်ဆိုတာ အဆိုးတရားတွေ ဖယ်ရှားပြီး အကောင်းတရားတွေကို
ဖေါ်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ အလောဘ၊ အဒေါသ၊ အမောဟတို့ ရှိရပါမယ်။
အလောဘဆိုတာ ကိုယ့်ရဲ့ပစ္စည်းကို အများနဲ့ မျှဝေခံစားနိုင်ဖို့ လောကမှာလူဆိုတာ အပေါင်းအသင်း
တွေနဲ့ နေတဲ့အခါကျတော့ ကိုယ်ရဲ့ပစ္စည်းကို ဆုပ်ကိုင်မထားဘဲနဲ့ မျှဝေခံစား သုံးစွဲနိုင်ရပါမယ်။ စွန့်လွတ်နိုင်
တဲ့စိတ်မျိုး အလောဘစိတ်ကို ထားနိုင်ရပါမယ်။ အဒေါသဆိုတာ အများရဲ့အကျိုးကို လိုလားတဲ့ မေတ္တာဖြစ်
ပါတယ်။ အမောဟဆိုတာ ဘာကိုလုပ်သင့်သလဲ၊ ဘာကိုမလုပ်သင့်ဘူးလဲ ဆိုတာကို သိတဲ့ အသိပညာ ဖြစ်
ပါတယ်။
အဲဒီ သဘာဝတရားတွေဟာ အဆိုးတရားတွေကို ဖယ်ရှားနိုင်တာမို့ ကုသိုလ်လို့ ခေါ်ပါတယ်။ အဲဒီ
ကုသိုလ်တရားတွေ ကိုယ့်ရဲ့သန္တာန်မှာဖြစ်အောင် လုပ်ရပါမယ်။
(၂)။ “အလေ့အကျင့် လိုအပ်ပါတယ်”။ ကုသိုလ်စိတ် ဖြစ်ဖို့အတွက် “သမုဒါစာရ” အလေ့အကျင့် လို
အပ်ပါတယ်။ ဥပမာ=မနက် အိပ်ရာထရင် မျက်နှာသစ်ပါမယ်၊ ဘုရားရှိခိုးပါမယ်ဆိုတဲ့အလေ့အကျင့် လုပ်
ထားရပါမယ်။ ဘုရားရှိခိုးလို့ပြီးမှ မနက်စာ စားပါမယ်၊ ဘုရားမရှိခိုးဘဲနဲ့ နံနက်စာ မစားဘူးလို့ ဒီလို အလေ့
အကျင့်မျိုး ထားရပါမယ်။ နောက်.. မေတ္တာပို့မယ် ဆိုရင်လည်းကိုယ့်ရဲ့ အိမ်သူအိမ်သားတွေက စပြီးတော့
သတ္တ၀ါတွေ ကျန်းမာကြပါစေဆိုပြီး မေတ္တာပို့လို့ရပါတယ်။ သတ္တ၀ါတိုင်းရဲ့ အားလုံးအပေါ်မှာ မေတ္တာထား
နိုင်ရပါမယ်။
မေတ္တာဆိုတာ ရင်ထဲ နှလုံးထဲမှာ အမုန်းတရားတွေကို ဖယ်ရှားပြီးတော့ အကျိုးလိုလားတဲ့ စိတ်မျိုး
ကို ခေါ်တာ ဖြစ်ပါတယ်။ ကုသိုလ်စိတ်ဖြစ်အောင် အလေ့အကျင့်ဆိုတာ လေ့ကျင့်ပေးရပါတယ်။
(၃)။ “ကောင်းတဲ့ဘက်ကို ညွှတ်နေရပါတယ်”။ ကုသိုလ်အတွက်“ပရိဏာမန” အမြဲတမ်း ကိုယ်ရဲ့
စိတ်ကလေးကို ကောင်းတဲ့ဘက်ကိုပဲ ညွှတ်နေအောင် ထားပေးရပါမယ်။ ဆိုကြပါစို့...တစ်ယောက်တည်း
အေးဆေးစွာနေမိရင် ဘာကိုတွေးမိသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ၊ ကိုယ့်စိတ်လေးဟာ ကောင်းတဲ့ဘ
က်ကို ညွှတ်နေရပါမယ်၊ မကောင်းတဲ့ဘက်ကို ညွှတ်နေမိလို့ရှိရင်ကောင်းတဲ့ဘက်ကို သတိထားပြီး ညွှတ်မိ
အောင် ထိန်းသိမ်းလေ့ကျင့် ပေးရပါမယ်၊ ကောင်းတဲ့ဘက်ကို အမြဲတမ်း ဦးလှည့်ပေးရပါမယ်။ ကောင်းကျိုး
ချမ်းသာ လိုလားသူ ဖြစ်ဖို့အတွက် ဦးလှည့်ပေးရပါမယ်။ မေတ္တာပွားဖို့အတွက် ဦးလှည့်ပေးရပါမယ်။ ဒီလို
လေ့ကျင့် ပေးရပါမယ်။
(၄)။ “နှလုံးသွင်း မှန်ရပါမယ်”။ “အာဘုဇိတ” ခေါ် နှလုံးသွင်းတရား၊ နှလုံးသွင်းဆင်ခြင်မှုက အလွန်
အရေးကြီးပါတယ်။ အဲဒါကို မြတ်စွာဘုရားက ယောနိသောမနသိကာရ လို့ပြောပါ တယ်။ မှန်မှန်ကန်ကန်
စဉ်းစားတာ၊ အသိဉာဏ်နဲ့ စဉ်းစားတာ၊ နှလုံးသွင်းမှု မှန်ကန်တာ၊ လိမ္မာပါးနပ်စွာ စဉ်းစားတာကို ယောနိ
သောမနသိကာရလို့ ခေါ်ပါတယ်။ ဘယ်ကိစ္စပဲ ဖြစ်ဖြစ် ယောနိသော မနသိကာရ မထားတတ်လို့ရှိရင်
ကုသိုလ်လုပ်နေတာတောင်မှ ကုသိုလ်မရဘဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စာပေမှာ “ယေကေစိ ကုသလာ
ဓမ္မာ သဗ္ဗေတေ ယောနိသောမနသိကာရ မူလကာ ” လို့ ဆိုပါတယ်။ “ ကုသိုလ် မှန်သမျှတို့သည် ယောနိ
သောမနသိကာရ ပေါ်မှာ အခြေခံကြသည်။” လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်။
ဒါကြောင့်မို့လို့ ကုသိုလ်တစ်ခု ဖြစ်ဖို့ရာ ဟောဒီအချက် ၄ ချက်နဲ့ ပြည့်စုံရပါမယ်။ မိမိစိတ်ကို အမြဲတမ်း
ကုသိုလ်စိတ် ဖြစ်စေရပါမယ်ဆိုပြီး သန္နိဌာန် ချထားလိုက်ပါ။ စိတ်ကို ကောင်းတဲ့ဘက် အမြဲတမ်း ဦးညွှတ်
စေရပါမယ်။ ကုသိုလ်စိတ်ဖြစ်အောင် အမြဲတမ်း လေ့ကျင့်ပေးရပါမယ်။ယောနိသောမနသိကာရ ထားနိုင်ရ
ပါမယ်။ ဒီအချက်တွေနဲ့ ပြည့်စုံရင် စိတ်ဟာ အမြဲတမ်း ကုသိုလ်စိတ် ဖြစ်နေပါမယ်။
ကုသိုလ်တွေ များလာခြင်းအားဖြင့် ကောင်းကျိုးချမ်းသာတွေ ရလာပါမယ်။ ယခုဘ၀မှာလည်း ကောင်း
ကျိုးချမ်းသာကာ နောင်ဘ၀မှာလည်း ကောင်းတဲ့အကျိုးကို ခံစားရပါမယ်။ ဒါကြောင့် တရားချစ်ခင် သူတော်
စင် အပေါင်းတို့ ယောနိသောမနသိကာရ တရားကိုကျင့်သုံးခြင်းဖြင့် နည်းလမ်းမှန်စွာ ဘ၀မှာ နေထိုင်နိုင်ကြပြီး
ဆင်းရဲဒုက္ခကင်းရာ မြတ်နိဗ္ဗာန်ကိုရရှိ စံစားခံစားနိုင်တဲ့ ပုဂ္ဂိုလ်မြတ်တွေ ဖြစ်ကြပါစေ ကုန်သတည်း။ ။
{ ၁၃၇၀ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့
နယ်၊ ကျောင်းကြီးလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားသော “ ဓမ္မအသိဖြင့်
အကျိုးရှိရှိနေမည် ” တရားတော်ကို ကိုးကားရေးသားပါသည်။ }
ဦးသိန်းဝေ။
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:
Post a Comment