“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, March 14, 2013

မော်တော်ကားဘီး မှလျှပ်စစ်ထုတ်ယူမည်

လောင်စာဆီရှားပါးလာနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကားမောင်းနေတုန်းမှာ ကားဘီးတွေနဲ့ ကားလမ်းမတွေရဲ့ ပွတ်တိုက်မှုအားကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူသွားမယ်လို့ ဂျပန်နိုင်ငံ Toyohashi တက္ကသိုလ်မှာ သုတေသနလုပ်နေတဲ့ ပညာရှင်တွေက ဇူလိုင်လ၁၈ရက်က အတည်ပြုပြောကြားလိုက်ပါတယ်။
         
ဂျပန်ပညာရှင်တွေက လက်တွေ့သရုပ်ပြရာမှာတော့ကားဘီးတွေဟာ ကွန်ကရစ်လမ်းပေါ်မှာ ခြောက်လက်မလောက် ရွေ့လျားသွားလိုက်တာနဲ့လျှပ်စစ်ဓာတ်အား ၅၀၀ပ်ကနေ ၆၀၀ပ်အထိ ထုတ်လုပ်နိုင်တာကို တွေ့ရမှာပါ။
      
ဒီနည်းပညာကိုသာ အဆင့်မြှင့်တင် သုံးစွဲသွားနိုင်မယ်ဆိုရင် အနာဂတ် သယ်ယူ ပို့ဆောင်ရေးမှာ စွမ်းအင်သုံးစွဲမှု ပုံစံဟာတစ်ခေတ် ပြောင်းလဲနိုင်တော့မှာပါလို့ ဒီသုတေသနကို ဦးဆောင်နေတဲ့ ပါမောက္ခတာကာရှီက သုံးသပ်ပြပါတယ်။

(pyimyanmar ---မှ  )

No comments:

Post a Comment