“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, March 14, 2013

လက်ထပ်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ

လက်ထပ်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ ။ ကယ်…အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ် လိုက်ပါ... လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ကိုကြောချင်းထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်.. ကျန်တဲ့လက်ချောင်းများက လက်ထိပ်ချင်းထိနေပါစေ။ ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။ ၁ - လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ... လက်မကိုခွါလို့ ရပါတယ်... လက်မဆိုတာ မိဘကိုဆိုလိုတာပါ... လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ်... ဒါကြောင့် ခွါလို့ရတာပါ။ ၂ - နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညှိုးကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ... လက်ညှိုးကတော့ ညီအကိုမောင်နှမ ကိုဆိုလိုတာပါ... သူတို့တွေလည်း သူ့အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။ ၃ - နောက်ပြီး လက်ခလယ်ကတော့ ကိုယ်ကိုတိုင်ပဲဖြစ်တယ်... ( ဒါကြောင့်ဘာမှလုပ်စရာမလိုပါဘူး ) ၄ - နောက်လက်ညှိုးနဲ့လက်မတွေကိုပြန်ထိထားပြီး... လက်သန်းလေးကို ထပ်ခွါကြည့်ပါ... ဒါကတော့ သားသမီးတွေပါ... သူတို့လည်း ခွဲခွါကြမှာပါ။ ၅ - ဒါဖြင့် နောက်ဆုံးလက်သူကြွယ်ကို ခွါကြည့်ပါ... ခွါလို့ရလား... ခွါလို့မရဘူးမဟုတ်လား... ဒါဟာ တစ်သက်တာထာဝရလက်တွဲဖော်ပဲဖြစ်တယ်... ဒါကြောင့် လက်ထပ်လက်စွပ်ကို လက်သူကြွယ်မှာဝတ်ရခြင်းဖြစ်တယ်။ ဆေးပညာအရ အကြောတွေကအရမ်းကပ်နေလို့ ဆိုပြီး သူငယ်ချင်းတွေ ပြောကြတယ်။ ဒါပေမဲ့ ဒီလို လက်ထပ်လက်စွပ်ကို လက်သူကြွယ်မှာ စွပ်ရတယ်ဆိုတာကိုကော ဆေးပညာကသတ်မှတ်ထားတာလား။ ဒါမှမဟုတ်တိုက်ဆိုင်လို့များလား။ ဘာပဲဖြစ်ဖြစ်ပါ….. အချစ်စစ်ဆိုတာ ခွဲလို့မရပါဘူး။ အင်တာနက်က ဖတ်မိတာလေး ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ အေးချမ်းမွန်မှ ( ရေးမိရေးရာလေးများ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ကဲ…အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ် လိုက်ပါ...
လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ကိုကြောချင်းထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်..
ကျန်တဲ့လက်ချောင်းများက လက်ထိပ်ချင်းထိနေပါစေ။
ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။

၁ - လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ...
လက်မကိုခွါလို့ ရပါတယ်...
လက်မဆိုတာ မိဘကိုဆိုလိုတာပါ...
လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ်...
ဒါကြောင့် ခွါလို့ရတာပါ။

၂ - နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညှိုးကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ...
လက်ညှိုးကတော့ ညီအကိုမောင်နှမ ကိုဆိုလိုတာပါ...
သူတို့တွေလည်း သူ့အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။

၃ - နောက်ပြီး လက်ခလယ်ကတော့ ကိုယ်ကိုတိုင်ပဲဖြစ်တယ်... ( ဒါကြောင့်ဘာမှလုပ်စရာမလိုပါဘူး )

၎ - နောက်လက်ညှိုးနဲ့လက်မတွေကိုပြန်ထိထားပြီး...
လက်သန်းလေးကို ထပ်ခွါကြည့်ပါ...
ဒါကတော့ သားသမီးတွေပါ...
သူတို့လည်း ခွဲခွါကြမှာပါ။

၅ - ဒါဖြင့် နောက်ဆုံးလက်သူကြွယ်ကို ခွါကြည့်ပါ...
ခွါလို့ရလား...
ခွါလို့မရဘူးမဟုတ်လား...
ဒါဟာ တစ်သက်တာထာဝရလက်တွဲဖော်ပဲဖြစ်တယ်...
ဒါကြောင့် လက်ထပ်လက်စွပ်ကို လက်သူကြွယ်မှာဝတ်ရခြင်းဖြစ်တယ်။

ဆေးပညာအရ အကြောတွေကအရမ်းကပ်နေလို့ ဆိုပြီး သူငယ်ချင်းတွေ ပြောကြတယ်။
ဒါပေမဲ့ ဒီလို လက်ထပ်လက်စွပ်ကို လက်သူကြွယ်မှာ စွပ်ရတယ်ဆိုတာကိုကော ဆေးပညာကသတ်မှတ်ထားတာလား။ ဒါမှမဟုတ်တိုက်ဆိုင်လို့များလား။ ဘာပဲဖြစ်ဖြစ်ပါ….. အချစ်စစ်ဆိုတာ ခွဲလို့မရပါဘူး။


အင်တာနက်က ဖတ်မိတာလေး ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။



အေးချမ်းမွန်မှ ( ရေးမိရေးရာလေးများ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
 
 http://friendsdaygroup.ning.com/profiles/blog/show?id=2293535%3ABlogPost%3A1595436&xgs=1&xg_source=msg_share_post

No comments:

Post a Comment