“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, November 26, 2012

ကမ္ဘာ့ အသက်အကြီးဆုံး ကိုယ်ချင်းဆက် အမြွာ

ကမ္ဘာ့အသက်အကြီးဆုံး ကိုယ်ချင်းဆက်အမြွာ အဖြစ် အမေရိကန်နိုင်ငံမှ  Roonnie နဲ့ Donnie Galyon တို့ကို ၂၀၀၉ခုနှစ်က ဂင်းနစ်စံချိန်တင်ခဲ့ပြီး ယနေ့တိုင် မှတ်တမ်း ဝင်နေဆဲ ဖြစ်ပါတယ်။

၁၉၅၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ မွေးဖွားပြီး ယနေ့ဆိုရင် အသက် ၆၁ နှစ်ကျော်သွားပြီ ဖြစ်ပါတယ်။ မိခင် ဖြစ်သူ Maureen Galyon က သားနှစ်ယောက်မွေးမယ်လို့ ထင်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာပါဘူး။ ရင်ချင်းဆက် အမြွာဖြစ်နေပြီး အဝေးက ရုတ်တရက်ကြည့်လိုက် ရင် ခေါင်းနှစ်လုံးနဲ့ သတ္တဝါပမာ ကြောက်စရာ ကောင်းပါတယ်။

ကျောင်းနေခွင့် မရခဲ့ပါဘူး။ ကျောင်းတက်ရင် အခြားကလေးငယ် များ ကြောက်လှန့်လို့ ဖြစ်ပါတယ်။ မိသားစုကလည်း ဆင်းရဲ ပါတယ်။ ဒါကြောင့် ယင်း Roonie နဲ့ Donnie နှစ်ဦးကို လမ်းမပေါ်တွေ မှာ Reality Show လို ပြသပြီး ဝင်ငွေရှာခဲ့ပါတယ်။ တောင်အမေရိက တိုက် တစ်ခုလုံးပတ်ပြီး ယခုလို ထူးထူးခြားခြား အမြွာနှစ်ဦးက ကမ္ဘာက သိသွားအောင် လုပ်ပါတယ်။ နောက်တော့ မိသားစု ဝင်ငွေ ကောင်းလာပြီး ယခုတော့ Ohio ပြည်နယ် မိသားစုနဲ့ အတူနေထိုင်နေပြီ ဖြစ်ပါတယ်။ ယနေ့ချိန်ထိလည်း သူ့တို့ရဲ့ အလုပ်အကိုင်က ရုပ်သံလိုင်းတွေမှာ ပါဝင်သရုပ်ဆောင်တဲ့ Reality show personality များ ဖြစ်ပါတယ်။

သူတို့ရဲ့ အခက်အခဲ၊ နေထိုင်မှု ပြဿနာ အစရှိသဖြင့်တို့ကို ရုပ်သံလိုင်းတွေက ရိုက်ကူးဖော်ပြေပေးကြပြီး တစ်ကမ္ဘာလုံးရှိ ကိုယ်ချင်းဆက် တို့ရဲ့  သနားစရာ ဘဝကို သိမြင်စေခဲ့ပါတယ်။ သာမန် လူတွေနဲ့ တန်းတူ နေထိုင်နိုင်ပေမယ့် လက်ခံပေးနိုင်မှု ရှိလာဖို့ကျတော့ ကြိုးစားယူခဲ့ကြရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Roonnie တို့ ကိုယ်ချင်းဆက် ညီအစ်ကိုရာ တစ်ကမ္ဘာလုံးရှိ ကိုယ်ချင်း၊ ရင်ချင်းဆက်ပြီး သာမန်လူလို မနေထိုင်နိုင်တဲ့ အမြွာများအားလုံး ရဲ့   လေးစားစရာ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1131322&xgs=1&xg_source=msg_share_post

No comments:

Post a Comment