“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, November 25, 2012

အိမ်တစ်လုံးတန်ဖိုးထက်ပို၍ ဈေးကြီးသော iPhone ဟန်းဆက်

Uunique London ကုမ္ပဏီက  ကမ္ဘာ့ဈေးအကြီးဆုံး iPhone ဟန်းဆက်ကို  တီထွင်ထုတ်လုပ်ခဲ့သည်။ အဆိုပါ iPhone ဟန်းဆက်အား အီတလီနိုင်ငံ
လုပ်သားရေ၊ ၁၈ ကာရက်ရှိ ရွှေရောင်နှင်းဆီပွင့်ကြီးနှင့် ရှားပါးသည့် ပန်းရောင်နှင့် အဖြူရောင် စိန်များကို အသုံးပြု၍ အလှဆင်ဖန်တီး ထားသည်။

၎င်း iPhone ဟန်းဆက်၏ တန်ဖိုးမှာ အိမ်တစ်လုံး တန်ဖိုးထက်ပို၍ တန်ဖိုးကြီးကြောင်း၊ မြင်ရသူတိုင်းကကြိုက်နှစ်သက်၍လိုချင်ကြမည်
ဖြစ်ကြောင်း အဆိုပါဟန်းဆက်ကို တီထွင်ဖန်တီးသူ ဒီဇိုင်နာက ပြောကြားခဲ့သည်။

၎င်းဟန်းဆက်အား ဖုန်းပြပွဲတွင် မော်ဒယ်လ်မစ်ချာဘာတန်က ပြသခဲ့ပြီး တန်ဖိုးမှာ စတာလင်ပေါင် ၁၈၉ဝဝဝ ရှိ ကြောင်း သိရသည်။

မြ၀တီ
facebook မှ 

No comments:

Post a Comment