“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, September 3, 2012

ဝိဥာဉ် နှစ်ခုရဲ့ အသံ (ဖြစ်ရပ်မှန် ဇာတ်လမ်း)

ဇူလိုင်လက
မြန်မာနိုင်ငံနဲ့ မြန်မာနယ်စပ်တလျှောက် မိုး
သည်းကြီးမည်းကြီးရွာချိန်ပေါ့။ လူကြီးတယောက်က သူရဲ့ ၇ နှစ်အရွယ် သမီးလေးနဲ့
၅ နှစ်အရွယ်သားလေးကို သူနဲ့အတူ မျှစ်ချိုးသွားဖို့ ခေါ်လိုက်တယ်။
တောင်ရဲ့တဖက်ခြမ်းမှာ … တဲ့။ ကလေး လေးတွေက မိုးရေထဲ ပြေးဆော့နေကြတယ်။
အခုသွားရမှာက
အဖေနဲ့ အတူတူ နဲနဲလေး ဝေးမှာမို့ ကလေးတွေက
အရမ်းကိုပျော်နေကြတယ်။ကလေးနှစ်ယောက်က အဖေနဲ့အတူ ပျော်ရွင်စွာ
လိုက်သွားကြတယ်။တောနက်လာတဲ့နောက်မှာ ကလေးနှစ်ယောက်က အဖေနဲ့ကွဲပြီး လမ်း
ပျောက်သွားတယ်။
သမီးကြီးက မောင်လေးရဲ့လက်ကို ကိုင်ထားပြီး အဖေ့ကို
လိုက်ရှာလေတယ်။အဖေ့ကို လိုက်ရှာလေ … မတွေ့တော့လေ ပဲ။အဖေကိုယ်တိုင်က
လမ်းစဖျောက်လိုက်တယ် ဆိုတာကို ကလေးနှစ်ယောက်က မသိလဲမသိဘူး၊ တွေးထင် ရလောက်
အောင်လည်း ဉာဏ်မီအုံးမှာ မဟုတ်သေးဘူး။ ဘာကြောင့်လဲဆိုတာကိုလည်း
တွေးတတ်အုံးမှာ မဟုတ်ဘူး။
တကယ်တော့ မိထွေးက လင်ပါ သမီးနဲ့သားကို
ဘယ်လိုမှ လက်မခံလို့ ဖခင်ဖြစ်သူကသမီးလေးနဲ့ သားကို တောနက်ထဲ
သွားပစ်ထားခဲ့ရတာ။ဒါဟာ ကြားဖူးနေကျ ဒဏ္ဍာရီပုံပြင်လို့ ထင်ကြမှာ။ ခုဟာက ၂၀၀၆
ဇူလိုင်လ က ထိုင်း-မြန်မာ နယ် စပ်ရွာက တကယ့်အဖြစ်မှန်ပါ။
ကလေးနှစ်ယောက်က အဖေ့ကို လိုက်ရှာရင်း အဖိုးကြီးတယောက်ကို တွေ့တယ်။ကလေးက အားရဝမ်းသာနဲ့
"ဖိုးဖိုး ဘယ်ကိုပြန်မှာလဲ ဟင်?"
"
သမီးတို့က --- --- --- ရွာ၊ ဇုံ --- --- မှာ နေတယ်။ သမီးက ---
---ကျောင်းမှာ ၂ တန်း ကျောင်းနေတယ်။ သမီးတို့ကို
ပြန်လိုက်ပို့ပေးပါနော်လို့ …” တောင်းပန်ကြတယ်။
ကလေးလေး နှစ်ယောက်က မိုးသည်းထဲမှာ တုန်နေတယ်။ ချမ်းနေတာရော၊ ကြောက်နေတာရော ပေါ့။အဖိုးကြီးက တွေးမိတယ်။
“ဒီလို
တောနက်တဲ့နေရာမှာ ဘယ်ကလေး မှ မရောက်နိုင်ဘူး။ ဒါဟာ လူ
ကလေးတွေမဟုတ်နိုင်ဘူး။ ငါ့ကို တော ခြောက် နေတာ။ ဒါဟာ နာနာဘာဝ သရဲ …”
ဆိုပြီးထွက်ပြေးရော။
ကလေးနှစ်ယောက်ကလည်း အဖိုးကြီးနောက်ကို
ပြေးလိုက်တယ်။ ဒါပေမဲ့လိုက်မမီခဲ့ဘူး။ အဖိုးကြီး ရွာပြန်ရောက် သွား တယ်။
၁ရက်၊ ၂ရက်၊ ၃ရက်…စိတ်ထဲမှာ မပျော်ဘူး။ ကလေးနှစ်ယောက်ကို မျက်စိထဲပဲ
မြင်ယောင်နေတယ်လေ။
စိတ်ထဲ တမျိုးကြီး ဖြစ်နေတာမို့ ရွာက
ရွာလူကြီးတွေကို ပြောပြတယ်။တာဝန်ကျတဲ့ နယ်စပ်လူကြီးတွေနဲ့အတူ အဲဒီ တော
ထဲကို သွားပြန်ကြည့်တော့သစ်ပင်ကြီးကြီး တပင်အောက်မှာ လဲရက်နဲ့ အမဖြစ်သူက
မောင်လေးကိုဖက်ထား ရင်းနဲ့ နှစ်ယောက်စလုံး အသက် မရှိကြတော့ဘူး။
အခု
ဖြစ်ရပ်မှာ လူသားမဆန်ဘဲ မိန်းမဘက်လိုက်တဲ့ ဖခင်ကို
အပြစ်တင်မလား။သွေးသားမဟုတ်လို့ လက်မခံနိုင်တဲ့ မိထွေးကို
အပြစ်ပြောမလား။လူမှန်း မသိ သရဲမှန်း မသိတဲ့ အဖိုးကြီးကိုပဲ
အပြစ်ဖို့မလား။ဘယ်သူက ဘာဖြစ်တယ် စ သည်ဖြင့် အပြစ်ရှာနေမယ့် အစား၊ ခု ...
ကလေးလေးနှစ်ယောက်ရဲ့ ဝိဥာဉ်က အသနားခံ နေတယ်။ တောင်း ဆိုနေ တယ်။
ရွာကို ပြန်ပို့ပေးဖို့ မဟုတ်ဘူး။ အဖေ့အိမ်ကို ပို့ပေးဖို့ မဟုတ်ဘူး။
အသိတရား … မေတ္တာတရား အကြင်နာတရား ... အမှောင်ကျနေတဲ့ လောကကြီးမှာ …
သူတို့နှစ်ယောက်လို အဖြစ်ဆိုးမျိုး ထပ်မဖြစ်ရလေအောင် ကူညီပေးကြဖို့ပဲ။


http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A461177&xgs=1&xg_source=msg_share_post

1 comment:

  1. နပေါ . . နာဆိုရင် ကလေးလေးကို သနားပြီး ရွာပြန်ပို့ပေးလိုက်မယ် . . မိထွေးကိုလဲ ကြည့်လို့ရဘူး။ အဖေဆို ဝေးရော..။ အဖိုးကြီးကိုတော့ အပြစ်တင်ဘူး..။ ဒီနေရာမှာ နာဆိုလဲ ကြောက်မှာပဲ။ အဟိ.....။

    ReplyDelete