“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, December 2, 2012

"တလွဲတန်ဖိုး"

သူပြောခဲ့ဖူးပါတယ်
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
ရင်ဘတ်ကြီးအပြည့်နဲ့ပေါ့။
 
ယုံကြည်ခဲ့ဖူးပါတယ်
နှုတ်ဖျားက ယုံတမ်းစကား
နှလုံးသားနဲ့ ခံစားပြီးပေါ့။
 
သူပေးခဲ့ဖူးပါတယ်
ကတိဆိုတဲ့စကားတစ်ခွန်း
ချိုသကာ လူးထားရင်းပေါ့။
 
ကြည်နူးခဲ့ဖူးပါတယ်
ရိုးသားတဲ့ မျက်ဝန်းစကား
နှောင်ဖွဲ့ခြင်း များစွာနဲ့ပေါ့။
 
ဖြစ်နိုင်မယ်ဆိုရင်လေ
နင့်ရဲ့ ယုံတမ်းစကားတွေကို
အမှိုက်တစ်စလို လွှင့်ပစ်ချင်ပေမယ့်
မမာနိုင်တဲ့ ဒီအသည်းက
နာကျင်ခြင်းများစွာနဲ့
တန်ဖိုးထားနေမိခဲ့တယ်။
 
                                  ခင်စပယ်ထွေး(တမူးမြို့)

No comments:

Post a Comment