“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, November 4, 2012

သင့်ကို အန္တရာယ်ပေးမည့် မုန့်ပဲသရေစာများ

အာဟာရတန်ဖိုးမရှိဘဲ အလွယ်တကူပြင်ဆင်ပြီး ရောင်းချတဲ့အစားအစာတွေကို Junk food လို့ခေါ်ပါတယ်။
ဒီနေ့ခေတ်မှာ Junk food-တွေဟာ အလွန်ကိုပေါများပြီး အလွယ်တကူရနိုင်တဲ့အတွက် မကြာခဏဆိုသလို စားမိတတ်ကြပါတယ်။ Junk food-တွေဟာ အရသာလည်းရှိပြီး အပြင်အဆင်ထုပ်ပိုးပုံတွေနဲ့ ရောင်းချတဲ့ဆိုင်တွေကလည်း လှပ
ခေတ်မီတဲ့အတွက် ဒီနေ့ခေတ်လူငယ်တွေ အကြားမှာ Junk food-တွေ စားသုံးတာ Junk food-ရောင်းတဲ့ဆိုင်တွေမှာ
ထိုင်တာမျိုးတွေဟာ ဒီနေ့ခေတ်ရဲ့ စတိုင်လ်တခုလို တောင် ဖြစ်နေပါတယ်။


အချိုရည်၊ ဒိုးနတ်မုန့်၊ ကိတ်မုန့်၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ပီဇာ၊ ဘီစကွတ်၊ အာလူးကြော်၊ ရေခဲမုန့်၊ ရေခဲချောင်း စတဲ့
အမြန်စာတွေဟာ Junk food-တွေ ဖြစ်ပါတယ်။ ဒီမုန့်ပဲသရေစာတွေဟာ အာဟာရတန်ဖိုး မရှိရုံသာမက အမြဲစားနေရင်
ရေရှည်မှာ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ Junk food-တွေမှာ အဆီ၊ ဆားနဲ့ သကြားတွေ အများအပြား
ပါဝင်တဲ့အတွက်ကြောင့် အရာသာရှိနေတာဖြစ်ပြီး သင့်ကျန်းမာရေး အတွက်တော့ အန္တရာယ်ပေးနိုင်တဲ့ အရာတွေပါ။



အဆီဓာတ်ပါဝင်မှု များလွန်းခြင်း

ဟမ်ဘာဂါ၊ ပီဇာ၊ ကြက်ကြော်၊ အာလူးကြော်နဲ့ ငါးမုန့်ကြော်လိုမျိုး Junk food-တွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့
ပြည့်ဝဆီတွေ အများအပြား ပါဝင်ပါတယ်။ သင်စားတဲ့ အစားအစာတွေထဲမှာ ပြည့်ဝဆီတွေ ပါဝင်မှု များလွန်းရင်
ကျန်းမာရေး ထိခိုက်စေပြီး ကိုယ်အလေးချိန်တိုးကာ တဖြည်းဖြည်းဝလာနိုင်ပါတယ်။


အ၀လွန်ခြင်းကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်စေပြီး တခြားရောဂါ အများအပြားကိုလည်း ဖြစ်စေနိုင်ပါတယ်။
အ၀လွန်နေတဲ့သူတွေကို လေ့လာကြည့်တဲ့အခါ Junk food-တွေကို စွဲစွဲလမ်းလမ်း စားသောက်တတ်သူတွေ ဖြစ်နေ
တာကို တွေ့ရှိရပါတယ်။




ဆားပါဝင်မှု များလွန်းခြင်း

Junk food-တွေမှာ ဆားအများအပြား ပါဝင်တတ်ပါတယ်။ ပေါင်မုန့်၊ ကွေကာ၊ ဘီစကွတ်နဲ့ ကိတ်မုန့်တွေမှာ ဆား
အများအပြား ပါဝင်ပြီးသားပါ။ ဒါကြောင့် Junk food-တွေစားရင် လိုအပ်တာထက်ပိုပြီး ဆားအများအပြား စားမိနေ
တတ်ပါတယ်။ ဆားများများစားရင် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။




သကြားပါဝင်မှု များလွန်းခြင်း

အချိုရည်၊ ဘီစကွတ်၊ ကိတ်မုန်၊ ရေဲချောင်းနဲ့ ရေခဲမုန့်တွေမှာ သကြားအများအပြား ပါဝင်ပါတယ်။ ဒါကြောင့် အရသာ
ရှိနေတာပါ။ ဒါပေမဲ့ သကြားအများကြီးစားရင် အ၀လွန်ခြင်း၊ သွားပိုးစားခြင်းနဲ့ တဲခြားရောဂါ အများအပြားကို
ဖြစ်စေနိုင်ပါတယ်။




ဗီတာမင်နှင့် သတ္ထုဓာတ်များ မပါဝင်ခြင်း

Junk food-တွေမှာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစာတွေနဲ့ အစိမ်းစားရတဲ့ အစာတွေမှာပါတဲ့ ဗီတာမင်
နဲ့ သတ္ထုဓာတ်လိုမျိုး အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ခန္ဓာကိုယ်ဟာ ကျန်းမာရေးကောင်းဖို့နဲ့ ရောဂါပိုေးတွကိုခုခံ
တိုက်ခိုက်တဲ့ ကိုယ်ခံအားစနစ်အတွက် ဗီတာမင်နဲ့ သတ္ထုဓာတ်တွေကို လိုအပ်ပါတယ်။ Junk food-တွေကိုပဲ အမြဲစား
နေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို မစားဖြစ်သူတွေဟာ မကြာခဏ နာမကျန်းဖြစ်တတ်ပါတယ်။




တာရှည်ခံ ထိန်းဆေးနှင့် ဆိုးဆေးများ ပါဝင်ခြင်း

ပါကင်လှလှနဲ့ ထုပ်ပိုးထားတဲ့ Junk food-တွေမှာ တာရှည်ခံထိန်းဆေးတွေနဲ့ အရောင်ဆိုးဆေးတွေ ပါဝင်ပါတယ်။
ဒါတွေက ရေရှည်မှာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။




အိုမင်းစေခြင်း

Junk food-တွေဟာ အိုမင်းတဲ့ ဖြစ်စဉ်ကို မြန်စေနိုင်ပါတယ်။ Junk food-တွေကိုပဲ အမြဲစားနေရင် အာဟာလုံလောက်
အောင် မရရှိတော့ဘဲ ခန္ဓာကိုယ်ကို အိုမင်းပြီး ရောဂါတွေဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်း (Free Radicals)တွေ ပိုထွက်
စေတာကြောင့်ပါ။ Junk food-တွေကို အများအားဖြင့် ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေက အများဆုံး
စားတတ်ကြပါတယ်။ Junk food-တွေကို တခါတရံစားတာက ပြဿနာမရှိပေမယ့် အမြဲမစားသင့်တဲ့အကြောင်း အကြံပြု
ဖော်ပြလိုက်ရပါတယ်။


 ဆွေဆွေမျိုးနိုင် (ဆေးဝါးတက္ကသိုလ်)
(Good Health 3-17-10)
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1838497&xgs=1&xg_source=msg_share_post

No comments:

Post a Comment