“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, January 13, 2012

အားနာလို့

တစ်ခါက အလွန်အားနာတတ်သော မောင်တုတ်ဆိုသူတစ်ယောက်ရှိသည်..
တစ်နေ့တွင် မောင်တုတ်သည် ရွာတစ်ရွာသို့အလည်သွားရင်း၊ အသိအိမ်တစ်အိမ်၌ ခဏ၀င်နားသည်..
ထိုအိမ်တွင် အိမ်ရှင်မရှိဘဲ အိမ်ရှင်၏ သမီးပျိုလေးသာရှိနေသည်..
“ အဘတို့တော့ ဟိုဘက်အိမ်သွားကြတယ် ”
ခဏအကြာတွင် မိန်းမပျိုက ထမင်းပွဲပြင်ပြီး.
“ မောင်ကြီး ထမင်းစားရအောင် ”
မောင်တုတ်သည် ဆာသော်လည်း အားနာသဖြင့် -
““ ရပါတယ်..ကျွန်တော်မဆာသေးပါဘူး””
“ လာပါ..မောင်ကြီးအတွက်ပါခူးထားပါတယ်.အားမနာပါနဲ့ ”
““ ရပါတယ်ဗျာ ””
မိန်းမပျိုမှာ ခေါ်မရ၍ တစ်ယောက်တည်း စားလိုက်လေသည်..
သို့သော် မောင်တုတ်မှာ တအားဆာလာသဖြင့် အားမနာနိုင်တော့ဘဲ လက်ဆေးပြီး ထမင်းစားပွဲနားတွင် မတ်တပ်ရပ်လိုက်သည်..
ထိုအခါ မိန်းမပျိုက မောင်တုတ်အား..
“ မောင်ကြီး.. ပြန်တော့မှာလား ”
ဤတွင် မောင်တုတ်သည် ရှက်ရှက်ဖြင့် ပြန်သွားလေတော့သတည်း..
““ ဟုတ်ကဲ့.ပြန်လိုက်ပါဦးမယ်..ဟီးးးး ””

No comments:

Post a Comment