“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, October 31, 2012

မိမိ Computer မှာ GTalk အများကြီး ဖွင့်လို့မရတဲ့သူများအတွက်

Gtalk တွေကို အများကြီးဖွင့်နိုင်တဲ့ နည်းပညာလေးပါ။
ဘာမှတော့ မဟုတ်ပေမယ့် မသိသေးတဲ့သူတွေ အတွက် လိုအပ်မှာပါ။
အင်တာနက်ဆိုင်မှာ သုံးနေတဲ့သူတွေအတွက်ကတော့ မလိုအပ်ပါဘူး။
ဆိုင်က တစ်ခါတည်းလုပ်ပေးထားတဲ့အတွက်ပါ။
မိမိ Computer နဲ့ သုံးနေတဲ့သူတွေထဲကမှ မသိသေးတဲ့သူတွေအတွက်ပါ။
1 - မိမိ Computer ထဲက GTalk icon လေးကို right click ပေးလိုက်ပါ ။
အောက်ဆုံးမှာ Properties လို့ ရေးထားတဲ့ Button လေးကို ကလစ်နှိပ်လိုက်ပါ ။
အဲဒီ့မှာ Shortcut button လေးထဲက Target စာလုံးလေးရဲ့ဘေးနားလေးက textbox လေးထဲမှာ
ရေးထားတဲ့ အပြာရောင်စာကြောင်းလေးကို တွေ့ပါလိမ့်မယ် ။
"C:\Program Files\Google\Google Talk\googletalk.exe" /startmenu
2 - အဲဒီ့စာကြောင်းလေးထဲက startmenu ဆိုတာလေးကိုဖျက်လိုက်ပြီး nomutex ဆိုတဲ့စာလုံးလေးကိုအစားသွင်းပေးရပါမယ် ။
"C:\Program Files\Google\Google Talk\googletalk.exe" /nomutex
3 - အဲ့ဒီ့လိုအားလုံးလုပ်ပြီးသွားရင်တော့ Apply ကို အရင်နှိပ်ပြီး OK ကို နှိပ်လိုက်ပါ ။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A499517&xgs=1&xg_source=msg_share_post

1 comment:

  1. ဒီဘလော့ကိုအားပေးပါတယ်၊ ဆက်လက်ပြီးဒီ့ထက်ကောင်းတာလေးတွေတင်ပေးပါလို့
    ဘလော့ချစ်သူ

    ReplyDelete