“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, November 9, 2013

မြန်နှုန်းမြင့် Wi-Fi နည်းစနစ်အသစ် 802.11ac

Photo: မြန်နှုန်းမြင့် Wi-Fi နည်းစနစ်အသစ် 802.11ac

Wi-Fi ဆက်သွယ်မှု နည်းစနစ်အသစ် 802.11ac သည် ၂၀၁၃ ခုနှစ်အတွင်း ဈေးကွက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ 

မြန်နှုန်းမြင့် Wi-Fi လို့ ခေါ်ဆိုနေတဲ့ ဤနည်းပညာအသစ်ဟာ ရှိရင်းစွဲ router တွေမှာ အသုံးပြုနေတဲ့ 802.11n နည်းပညာထက် များစွာလျင်မြန် ပါလိမ့်မယ်။ ဘယ်လောက်မြန်သလဲ ဆိုတာကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။ 

ဒီ 802.11ac စနစ်သုံး router တွေဟာ ၂ နာရီစာ HD တီဗီစီးရီး တစ်ခုကို စက္ကန့် ၄၀ အတွင်းမှာ ဒေါင်းလုပ်ဒ် လုပ်နိုင်မယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် စိတ်မလောပါနဲ့ဦး။ စနစ်အသစ်က မြန်သလောက် မိမိသုံးစွဲနေတဲ့ အင်တာနက်လိုင်း မကောင်းရင်လည်း အလကားပါပဲ။

ပုံမှာ ပြထားတဲ့အတိုင်းပါပဲ 802.11n စနစ်သုံး router တွေဟာ အမြန်နှုန်း 300 Mbps အထိ ရရှိနိုင်ပြီး ယခု 802.11ac က တော့ အမြင့်ဆုံး အမြန်နှုန်း 1 Gbps အထိ ရရှိနိုင်မှာ ဖြစ်သော်ငြားလည်း အင်တာနက် ချိတ်ဆက်မှုလိုင်းတွေမှာ အမြဲဖြစ်ပေါ်လေ့ရှိတဲ့ ပုလင်းဝတစ်ဆို့မှု ပြဿနာ (bottle neck issues) ကြောင့် ဒီအမြန်နှုန်းတွေကို ဘယ်လိုမှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ 

သေချာတာကတော့ မိမိအသုံးပြုတဲ့ အင်တာနက်လိုင်းရဲ့ ထွက်ရှိလာတဲ့ အမြန်နှုန်းဟာ Google ရဲ့ Fiber Optic အင်တာနက်လိုမျိုး 1 Gbps (ကြော်ငြာထားသည့် အမြန်နှုန်း) ထွက်မယ်ဆိုရင်တော့ 802.11ac Wi-Fi သုံးမှာသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ 

Samsung Galaxy S4 နဲ့ HTC One တို့ အပါအဝင် နောက်ဆုံး ထွက်ရှိလာတဲ့ စမတ်ဖုန်းများမှာလည်း 802.11ac စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် LTE နည်းပညာရဲ့ အမြန်နှုန်းကို အပြည့်အဝ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

https://www.facebook.com/consumerguide

No comments:

Post a Comment