“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, September 6, 2013

ရွှေဖြူနဲ့ ပလက်တီနမ်တူပါသလား



Photo: ရွှေဖြူနဲ့ ပလက်တီနမ်တူပါသလား
M Plaza Shopping Journal (Vol 1, No.10) 

ရွှေဖြူနဲ့ ပလက်တီနမ်နှစ်မျိုးက မတူပါဘူး။ နှစ်ခုလုံးမှာတော့ သိသာထင်ရှားတဲ့ ကိုယ်ပိုင် ဂုဏ်သတ်္တိလေးတွေ ကိုယ်စီရှိကြပါတယ်။ 
ဒီလိုကွာခြားချက်လေးတွေကို သိချင်သူ များအတွက် ဖော်ပြပေးချင်တဲ့ အကြောင်းအရာ တွေကတော့...

ရွှေဖြူ

ရွှေဖြူဟာSilver နဲ့Palladium  တို့လို အဖြူရောင်သတ်္တု အချို့ နဲ့ ရွှေတို့ရောစပ်ထားခြင်း ဖြစ်ပါတယ်။ ရွှေဖြူဟာ ၁၈ ကာရတ်၊ ၁၄ ကာ ရတ်၊ ၉ ကာရတ် (သို့မဟုတ်) ဘယ်လောက် ကာရတ်မဆိုဖြစ်နိုင်ပါတယ်။ ဥပမာ- ၁၈ ကာ ရတ် ရွှေဝါကို ရွှေ ၇၅%(၇၅၀/၁၀၀၀)နဲ့ Copper နဲ့ Zinc တို့လို သတ်္တုလိုမျိုး ၂၅%(၂၅၀/ ၁၀၀၀) ရောနှောပြီး ပြုလုပ်နိုင်ပါတယ်။ ၁၈ ကာရတ်ရွှေဖြူကို ရွှေ ၇၅%နဲ့ Silver  နဲ့ Palladium တို့လို သတ်္တု ၂၅% ရောနှောပြီး ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ရွှေပမာဏတူညီ ပေမဲ့ သတ်္တုစပ်တဲ့နေရာမှာ ပြောင်းလဲသွားခြင်း ပဲဖြစ်ပါတယ်။

ထုံးတမ်းအစဉ်အလာအရ ရွှေဖြူတွေမှာ နီကယ်ကို ထည့်သုံးလေ့ ရှိကြပါတယ်။ ဒါပေမဲ့ လည်း ဒီနေ့ခေတ် ရွှေဖြူပြုလုပ်ရာ မှာတော့ အများစုက နီကယ်ကိုထည့် မသုံးကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ နီကယ်က တချို့သော လူများနဲ့ ဓာတ်မတည့်လို့ ဖြစ်ပါတယ်။ 
ရွှေဖြူလက်စွပ် အသစ်စက်စက်လေးတွေ ကို Rhodium လို့ခေါ်တဲ့ အဖြူရောင်သတ်္တုတစ် မျိုးနဲ့ ထပ်ပြီးဖုံးအုပ်ပါတယ်။ Rhodium  ဆို တာ ပလက်တီနမ်နဲ့ အရမ်းတူတဲ့ သတ်္တုတစ် မျိုးပါ။ ဒါ့အပြင် ပလက်တီနမ်မှာ ပါတဲ့ ဂုဏ် သတ်္တိတွေ တော်တော်များများ Rhodium မှာလဲ ပါဝင်ပါတယ်။ 

ရွှေဖြူကို ပိုပြီးအရောင်ဖြူစေဖို့အတွက် Rhodium  ကိုသုံးပါတယ်။ ရွှေဖြူရဲ့ သဘာဝ အရောင်က မီးခိုးရောင်ဖျော့ဖျော့လေးပါ။ Rhodium က အရောင်အရမ်းဖြူသလို အရမ်း လည်းမာကြော ပါတယ်။ ရွှေဖြူ လက်စွပ်လေး ကို အတောက်ပဆုံးဖြစ်နေစေဖို့ ခန့်မှန်းခြေ ၁၂ လကနေ ၁၈ လကြားမှာ တစ်ခါပြန်ပြီး Rhodiumအုပ်ပေးရမှာဖြစ်ပါတယ်။ ပြည်တွင်းလက် ၀တ်ရတနာရောင်းတဲ့ လူအချို့ကတော့ လက် ၀တ်ရတနာတွေကို တန်ဖိုးကြီးကြီးနဲ့ Rhodium  ပြန်အုပ်ပေးတတ်ကြပါတယ်။

ပလက်တီနမ်

ပလက်တီနမ်က ရွှေဖြူတစ်ခုပါပဲ။ ရွှေနဲ့ မတူတဲ့အချက်ကတော့ လက်ဝတ်ရတနာတွေ မှာ ပလက်တီနမ်ကို သူ့ရဲ့အသန့်စင်ဆုံးပုံစံ (၉၅%ခန့်သန့်စင်သော)မျိုးနဲ့ ထည့်သွင်းအသုံး ပြုပါတယ်။ ပလက်တီနမ်ဟာ အရောင်အသွေး အားဖြင့် ဖြူဖွေးပြီး ကြာရှည်အ၀တ်ခံပါတယ်။ ဒါ့ကြောင့် ရွှေဖြူလိုမျိုး Rhoduim  ထပ်အုပ် စရာမလိုပါဘူး။

ပြီးတော့ အရမ်းလည်း သိပ်သည်းပါတယ်။ ဒါ့ကြောင့် ပလက်တီနမ် လက်စွပ်တစ်ကွင်းဟာ ၁၈ ကာရတ်ရွှေလက်စွပ်တစ်ကွင်းထက် ပိုပြီး လေးလံသလို ခံစားရပါလိမ့်မယ်။ ဒါတင်မက သေးပါဘူး။ ပလက်တီ နမ်လက်စွပ်တစ်ကွင်းဟာ ၁၈ ကာရတ် ရွှေဖြူလက်စွပ်တစ်ကွင်း ထက် နှစ်ဆလောက် ပိုပြီးဈေးကြီးနိုင်ပါတယ်။  

ရွှေဖြူနဲ့ ပလက်တီနမ်အရောင် ကွာခြားမှု ရှိပါသလား။

ဒီမေးခွန်းလေးရဲ့ အဖြေကတော့ ရွှေဖြူ လက်ဝတ်ရတနာဟာ သူ့ရဲ့သဘာဝအရောင် လား (သို့မဟုတ်) Rhodium အုပ်ထားတာလား ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

တကယ်လို့ ရွှေဖြူကို Rhodium  အုပ် ထားရင် (မှတ်ချက်။  ။ ရွှေဖြူတော်တော်များ များကို Rhodium အုပ်ပါတယ်) အရောင်ဟာ သိသိသာသာ ကွဲပြားနေမှာ မဟုတ်ပါဘူး။ 

ရွှေဖြူနဲ့ ပလက်တီနမ်တို့ရဲ့ သဘာဝအ ရောင်တွေ ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရောင် ဖျော့နေတဲ့အပိုင်းက ပလက်တီနမ်ဖြစ်ပြီး အရောင် ပိုတောက်တဲ့အပိုင်းကတော့ ရွှေဖြူရဲ့ သဘာဝ အရောင်ပဲဖြစ်ပါတယ်။ 

ရွှေထိုက်တန်(အင်တာနက်)

*****************
Thanks a lot,
M Plaza
ရွှေဖြူနဲ့ ပလက်တီနမ်နှစ်မျိုးက မတူပါဘူး။ နှစ်ခုလုံးမှာတော့ သိသာထင်ရှားတဲ့ ကိုယ်ပိုင် ဂုဏ်သတ်္တိလေးတွေ ကိုယ်စီရှိကြပါတယ်။
ဒီလိုကွာခြားချက်လေးတွေကို သိချင်သူ များအတွက် ဖော်ပြပေးချင်တဲ့ အကြောင်းအရာ တွေကတော့...

ရွှေဖြူ

ရွှေဖြူဟာSilver နဲ့Palladium တို့လို အဖြူရောင်သတ်္တု အချို့ နဲ့ ရွှေတို့ရောစပ်ထားခြင်း ဖြစ်ပါတယ်။ ရွှေဖြူဟာ ၁၈ ကာရတ်၊ ၁၄ ကာ ရတ်၊ ၉ ကာရတ် (သို့မဟုတ်) ဘယ်လောက် ကာရတ်မဆိုဖြစ်နိုင်ပါတယ်။ ဥပမာ- ၁၈ ကာ ရတ် ရွှေဝါကို ရွှေ ၇၅%(၇၅၀/၁၀၀၀)နဲ့ Copper နဲ့ Zinc တို့လို သတ်္တုလိုမျိုး ၂၅%(၂၅၀/ ၁၀၀၀) ရောနှောပြီး ပြုလုပ်နိုင်ပါတယ်။ ၁၈ ကာရတ်ရွှေဖြူကို ရွှေ

၇၅%နဲ့ Silver နဲ့ Palladium တို့လို သတ်္တု ၂၅% ရောနှောပြီး ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ရွှေပမာဏတူညီ ပေမဲ့ သတ်္တုစပ်တဲ့နေရာမှာ ပြောင်းလဲသွားခြင်း ပဲဖြစ်ပါတယ်။

ထုံးတမ်းအစဉ်အလာအရ ရွှေဖြူတွေမှာ နီကယ်ကို ထည့်သုံးလေ့ ရှိကြပါတယ်။ ဒါပေမဲ့ လည်း ဒီနေ့ခေတ် ရွှေဖြူပြုလုပ်ရာ မှာတော့ အများစုက နီကယ်ကိုထည့် မသုံးကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ နီကယ်က တချို့သော လူများနဲ့ ဓာတ်မတည့်လို့ ဖြစ်ပါတယ်။
ရွှေဖြူလက်စွပ် အသစ်စက်စက်လေးတွေ ကို Rhodium လို့ခေါ်တဲ့ အဖြူရောင်သတ်္တုတစ် မျိုးနဲ့ ထပ်ပြီးဖုံးအုပ်ပါတယ်။ Rhodium ဆို တာ ပလက်တီနမ်နဲ့ အရမ်းတူတဲ့ သတ်္တုတစ် မျိုးပါ။ ဒါ့အပြင် ပလက်တီနမ်မှာ ပါတဲ့ ဂုဏ် သတ်္တိတွေ တော်တော်များများ Rhodium မှာလဲ ပါဝင်ပါတယ်။

ရွှေဖြူကို ပိုပြီးအရောင်ဖြူစေဖို့အတွက် Rhodium ကိုသုံးပါတယ်။ ရွှေဖြူရဲ့ သဘာဝ အရောင်က မီးခိုးရောင်ဖျော့ဖျော့လေးပါ။ Rhodium က အရောင်အရမ်းဖြူသလို အရမ်း လည်းမာကြော ပါတယ်။ ရွှေဖြူ လက်စွပ်လေး ကို အတောက်ပဆုံးဖြစ်နေစေဖို့ ခန့်မှန်းခြေ ၁၂ လကနေ ၁၈ လကြားမှာ တစ်ခါပြန်ပြီး Rhodiumအုပ်ပေးရမှာဖြစ်ပါတယ်။ ပြည်တွင်းလက် ၀တ်ရတနာရောင်းတဲ့ လူအချို့ကတော့ လက် ၀တ်ရတနာတွေကို တန်ဖိုးကြီးကြီးနဲ့ Rhodium ပြန်အုပ်ပေးတတ်ကြပါတယ်။

ပလက်တီနမ်

ပလက်တီနမ်က ရွှေဖြူတစ်ခုပါပဲ။ ရွှေနဲ့ မတူတဲ့အချက်ကတော့ လက်ဝတ်ရတနာတွေ မှာ ပလက်တီနမ်ကို သူ့ရဲ့အသန့်စင်ဆုံးပုံစံ (၉၅%ခန့်သန့်စင်သော)မျိုးနဲ့ ထည့်သွင်းအသုံး ပြုပါတယ်။ ပလက်တီနမ်ဟာ အရောင်အသွေး အားဖြင့် ဖြူဖွေးပြီး ကြာရှည်အ၀တ်ခံပါတယ်။ ဒါ့ကြောင့် ရွှေဖြူလိုမျိုး Rhoduim ထပ်အုပ် စရာမလိုပါဘူး။

ပြီးတော့ အရမ်းလည်း သိပ်သည်းပါတယ်။ ဒါ့ကြောင့် ပလက်တီနမ် လက်စွပ်တစ်ကွင်းဟာ ၁၈ ကာရတ်ရွှေလက်စွပ်တစ်ကွင်းထက် ပိုပြီး လေးလံသလို ခံစားရပါလိမ့်မယ်။ ဒါတင်မက သေးပါဘူး။ ပလက်တီ နမ်လက်စွပ်တစ်ကွင်းဟာ ၁၈ ကာရတ် ရွှေဖြူလက်စွပ်တစ်ကွင်း ထက် နှစ်ဆလောက် ပိုပြီးဈေးကြီးနိုင်ပါတယ်။

ရွှေဖြူနဲ့ ပလက်တီနမ်အရောင် ကွာခြားမှု ရှိပါသလား။

ဒီမေးခွန်းလေးရဲ့ အဖြေကတော့ ရွှေဖြူ လက်ဝတ်ရတနာဟာ သူ့ရဲ့သဘာဝအရောင် လား (သို့မဟုတ်) Rhodium အုပ်ထားတာလား ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

တကယ်လို့ ရွှေဖြူကို Rhodium အုပ် ထားရင် (မှတ်ချက်။ ။ ရွှေဖြူတော်တော်များ များကို Rhodium အုပ်ပါတယ်) အရောင်ဟာ သိသိသာသာ ကွဲပြားနေမှာ မဟုတ်ပါဘူး။

ရွှေဖြူနဲ့ ပလက်တီနမ်တို့ရဲ့ သဘာဝအ ရောင်တွေ ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရောင် ဖျော့နေတဲ့အပိုင်းက ပလက်တီနမ်ဖြစ်ပြီး အရောင် ပိုတောက်တဲ့အပိုင်းကတော့ ရွှေဖြူရဲ့ သဘာဝ အရောင်ပဲဖြစ်ပါတယ်။

ရွှေထိုက်တန်(အင်တာနက်)

*****************
Thanks a lot,
M Plaza

No comments:

Post a Comment