“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, July 18, 2013

(၅)ယောက်စာ(ဟာသ)

Photo: များများမှာပါ
---------
တခါက အရမ်းကို အစအနောက်သန်တဲ့ ကောင်လေးတယောက်၇ှိတယ်။သူက သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်တွေမှာဆို နှိုးစက်ကို ညအချိန်မတော်ကြီး အလန်းမ်ပေးပြီး လက်ဖွဲ့ပို့ပေးတာတို့၊ မင်္ဂလာဦးညတွေမှာ အချိန်မတော်မှ ဖုန်းဆက်တာတို့ကို လုပ်လေ့၇ှိတယ်။သူ့သူငယ်ချင်းတွေအား လုံးဟာ သူစတဲ့ နောက်တဲ့ ဒဏ်တွေကိုခံခဲ့ရတယ်။သူငယ်ချင်းတွေက မကျေနပ်ကြဘူး။နောက် တော့ အဲဒီကောင်လေး၇ဲ့မင်္ဂလာဆောင်မယ့်အလှည့်ကိုရောက်လာတယ်။
ကောင်လေးက သိပ်ကြောက်နေတယ်။သူ့သူငယ်ချင်ေးတွ သူ့ကိုပြန်ကလဲ့စားချေမှာစိုးလို့ပေါ့။ သူ့၇ဲ့မင်္ဂလာပွဲကို သူငယ်ချင်းတွေ အားလုံးတက်ကြတယ်။ကောင်လေးကတော့ ကြောက်နေ တယ်။ဒီလိုနဲ့ မင်္ဂလာဦးညကို ရောက်လာတယ်။ကောင်လေးက အရမ်းကိုကြောက်နေတာပေါ့။“ငါ့ ကိုများ အဲ့လိုလုပ်လိုက်ရင်..”ဆိုပြီး…..။
သူတို့ မင်္ဂလာဆောင်တဲ့ ဟိုတယ်က မင်္ဂလာဦးည အဖြစ် တညတာ တည်းခိုခွင့်ပေးတယ်။ မင်္ဂလာ ဦးညကို ကြောက်ကြောက်လန့်လန့်နဲ့ပဲ ကောင်လေးဖြတ်သန်းတယ်.။ဒါပေမယ့် သူထင်ထားသလို ဘယ်သူငယ်ချင်းကမှ သူ့ကိုမနှောင့်ယှက်ကြပါဘူး။
မနက်မိုးလင်းတော့ ကောင်လေး ၀မ်းသာပျော်ရွှင်စွာနဲ့ နိုးလာတယ်။ဘာအနှောင့်အယှက်မှ မ၇ှိ တဲ့အတွက် သူပျော်သွားတယ်။အဲဒီနောက် ဟိုတယ်စားဖိုဆောင်ကို လှမ်းဖုန်းဆက်တယ်။
“အခန်းနံပါတ် ၄၀၁ကို မနက်စာ နှစ်ယောက်စာ ယူလာပေးပါ။”
အဲဒီအချိန်မှာ ကုတင်အောက်က အသံတွေ ထွက်လာတယ်။
“နှစ်ယောက်စာ မဟုတ်ဘူး။ငါးယောက်စာဟေ့..." 
~Sezin Lynn~
Credit- Chilly's Joke Corner

No comments:

Post a Comment