“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, May 9, 2013

သန္ဓေတားဆေး သောက်နေသလား


Photo: သန္ဓေတားဆေး သောက်နေသလား

ပရိုဂျက်စတင် (Progestin) နဲ့ အီစထရိုဂျင် (Estrogen) ဆိုတဲ့ ဟော်မုန်း နှစ်မျိုးကို  ပမာဏ အနည်းငယ်စီ ထည့်သွင်းထားတဲ့ ဟော်မုန်းပါ သန္ဓေတားဆေးကို သောက်နေသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန် မရစေဖို့ တစ်နေ့တစ်လုံးမှန်မှန် သောက်သုံးဖို့ လိုပါတယ်။ ဒီဟော်မုန်းတွေက သားဥအိမ်ကနေ သားဥမကြွေအောင် တားဆီးပေးပါတယ်။ ဒါပေမဲ့ ဒီဆေးတွေကို သောက်တာကြောင့် လိင်ကနေတစ်ဆင့် ကူးစက်ရရှိနိုင်တဲ့ ရောဂါပိုးတွေကိုတော့ မကာကွယ် နိုင်ပါဘူး။
သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများ
သန္ဓေတား သောက်ဆေးကို အညွှန်းအတိုင်း နေ့စဉ်မှန်မှန် (Sex ကိစ္စ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သောက်ပေးရပါမယ်) သောက်ပေးရင် အမျိုးသမီး အားလုံးနီးပါး (အမျိုးသမီး ၁၀၀ မှာ တစ်ဦးပဲ ကိုယ်ဝန်ရနိုင်ခြေရှိ) ကို ကိုယ်ဝန် မရရှိအောင် တားဆီး ပေးနိုင်ပါတယ်။ ရရှိနိုင်တဲ့ တခြားကောင်းကျိုး တွေကတော့-
ရာသီအကြိုနဲ့ ရာသီလာစဉ် ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေတယ်၊ သားအိမ်ကင်ဆာကို ကာကွယ်ပေးတယ်၊ အတွင်းပိုင်းရှိ မျိုးဆက်ပွားအင်္ဂါတွေ မရောင်ရမ်းအောင် ကာကွယ်ပေးတယ်၊ သားဥအိမ်မှာ ရေအိတ်မတည်အောင် ကာကွယ်ပေးနိုင်သလို ရေအိတ်ငယ်တွေ ရှိရင်လည်း ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ ဒီဆေးကို တိတိကျကျနဲ့ မှန်မှန်ကန်ကန် သောက်မယ်ဆိုရင် အလွန်ထိရောက်စွာ သန္ဓေတားနိုင်ပါတယ်။ ဒီဆေးကို ရပ်ပြီးတာနဲ့ ချက်ချင်း ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ဆိုးကျိုးများ
နေ့စဉ် မပျက်မကွက်၊ မမေ့မလျော့ သောက်နေရပါတယ်။ သန္ဓေတားဆေး သောက်သုံးတဲ့ အမျိုးသမီး တချို့မှာ အောက်ပါ ဆိုးကျိုးတွေ ရရှိတတ်ပါတယ်။ ပျို့ချင် အန်ချင်ဖြစ်တယ်။ စိတ်ခံစားမှု အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။ ဝက်ခြံတွေ ပိုဆိုးလာတယ် (တချို့အမျိုးသမီးတွေမှာ ဝက်ခြံသက်သာလာပါတယ်)။ ကိုယ်အလေးချိန် တက်လာတာ၊ ကျသွားတာ ဖြစ်တတ်တယ်။ ခေါင်းကိုက်တာနဲ့ ခေါင်းမူးတာ ဖြစ်နိုင်ပါတယ်။ ရာသီလာတဲ့ ပုံစံပြောင်းလဲတာ (ဥပမာ- ရာသီပုံမှန် မလာတာ၊ ရာသီသွေး နည်းသွားတာ၊ ရာသီလာတဲ့ အကြိမ်ရေ ပုံမှန် မဟုတ်တော့တာ) ဖြစ်တတ်ပါတယ်။ ရင်သားတွေ တင်းမာတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။
Tip! သန္ဓေတားဆေး သောက်တဲ့အတွက် အမျိုးသမီးတွေမှာ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေ ပြောင်းလဲတာမျိုး မဖြစ်တတ်ပါဘူး။ အမျိုးသမီးအများစုဟာ သန္ဓေတားဆေးကို အန္တရာယ်ကင်းကင်း သောက်နိုင်ပေမယ့် သွေးခဲတာ၊ လေဖြတ်တာ၊ နှလုံးရောဂါထတာ၊ အဝလွန်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ဆီးချိုရောဂါရှိတာ၊ ရင်သားကင်ဆာရှိတာ၊ အသည်းရောဂါနဲ့ သည်းခြေရောဂါရှိတာ စတဲ့ အခြေအနေတွေ ရှိရင်တော့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးပြီးမှ သန္ဓေတားဆေးကို သောက်သင့်ပါတယ်။ 

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH
ပရိုဂျက်စတင် (Progestin) နဲ့ အီစထရိုဂျင် (Estrogen) ဆိုတဲ့ ဟော်မုန်း နှစ်မျိုးကို ပမာဏ အနည်းငယ်စီ ထည့်သွင်းထားတဲ့ ဟော်မုန်းပါ သန္ဓေတားဆေးကို သောက်နေသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန် မရစေဖို့ တစ်နေ့တစ်လုံးမှန်မှန် သောက်သုံးဖို့ လိုပါတယ်။ ဒီဟော်မုန်းတွေက သားဥအိမ်ကနေ သားဥမကြွေအောင် တားဆီးပေးပါတယ်။ ဒါပေမဲ့ ဒီဆေးတွေကို သောက်တာကြောင့် လိင်ကနေတစ်ဆင့် ကူးစက်ရရှိနိုင်တဲ့ ရောဂါပိုးတွေကိုတော့ မကာကွယ် နိုင်ပါဘူး။
သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးများ
သန္ဓေတား သောက်ဆေးကို အညွှန်းအတိုင်း နေ့စဉ်မှန်မှန် (Sex ကိစ္စ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သောက်ပေးရပါမယ်) သောက်ပေးရင် အမျိုးသမီး အားလုံးနီးပါး (အမျိုးသမီး ၁၀၀ မှာ တစ်ဦးပဲ ကိုယ်ဝန်ရနိုင်ခြေရှိ) ကို ကိုယ်ဝန် မရရှိအောင် တားဆီး ပေးနိုင်ပါတယ်။ 
 
ရရှိနိုင်တဲ့ တခြားကောင်းကျိုး တွေကတော့-
ရာသီအကြိုနဲ့ ရာသီလာစဉ် ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေတယ်၊ သားအိမ်ကင်ဆာကို ကာကွယ်ပေးတယ်၊ အတွင်းပိုင်းရှိ မျိုးဆက်ပွားအင်္ဂါတွေ မရောင်ရမ်းအောင် ကာကွယ်ပေးတယ်၊ သားဥအိမ်မှာ ရေအိတ်မတည်အောင် ကာကွယ်ပေးနိုင်သလို ရေအိတ်ငယ်တွေ ရှိရင်လည်း ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ ဒီဆေးကို တိတိကျကျနဲ့ မှန်မှန်ကန်ကန် သောက်မယ်ဆိုရင် အလွန်ထိရောက်စွာ သန္ဓေတားနိုင်ပါတယ်။ ဒီဆေးကို ရပ်ပြီးတာနဲ့ ချက်ချင်း ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။

သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ဆိုးကျိုးများ
နေ့စဉ် မပျက်မကွက်၊ မမေ့မလျော့ သောက်နေရပါတယ်။ သန္ဓေတားဆေး သောက်သုံးတဲ့ အမျိုးသမီး တချို့မှာ အောက်ပါ ဆိုးကျိုးတွေ ရရှိတတ်ပါတယ်။ ပျို့ချင် အန်ချင်ဖြစ်တယ်။ စိတ်ခံစားမှု အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။ ဝက်ခြံတွေ ပိုဆိုးလာတယ် (တချို့အမျိုးသမီးတွေမှာ ဝက်ခြံသက်သာလာပါတယ်)။ ကိုယ်အလေးချိန် တက်လာတာ၊ ကျသွားတာ ဖြစ်တတ်တယ်။ ခေါင်းကိုက်တာနဲ့ ခေါင်းမူးတာ ဖြစ်နိုင်ပါတယ်။ ရာသီလာတဲ့ ပုံစံပြောင်းလဲတာ (ဥပမာ- ရာသီပုံမှန် မလာတာ၊ ရာသီသွေး နည်းသွားတာ၊ ရာသီလာတဲ့ အကြိမ်ရေ ပုံမှန် မဟုတ်တော့တာ) ဖြစ်တတ်ပါတယ်။ ရင်သားတွေ တင်းမာတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။
Tip! သန္ဓေတားဆေး သောက်တဲ့အတွက် အမျိုးသမီးတွေမှာ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေ ပြောင်းလဲတာမျိုး မဖြစ်တတ်ပါဘူး။ အမျိုးသမီးအများစုဟာ သန္ဓေတားဆေးကို အန္တရာယ်ကင်းကင်း သောက်နိုင်ပေမယ့် သွေးခဲတာ၊ လေဖြတ်တာ၊ နှလုံးရောဂါထတာ၊ အဝလွန်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ဆီးချိုရောဂါရှိတာ၊ ရင်သားကင်ဆာရှိတာ၊ အသည်းရောဂါနဲ့ သည်းခြေရောဂါရှိတာ စတဲ့ အခြေအနေတွေ ရှိရင်တော့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးပြီးမှ သန္ဓေတားဆေးကို သောက်သင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH


No comments:

Post a Comment