“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, May 9, 2013

မိဘ နှစ်ပါး၏ အုပ်ထိန်းမှု အောက်တွင် ကြီးပြင်းလာသော ကလေးများသည် ဉာဏ်ရည်ပိုမို ထက်မြက်ကြောင်း လေ့လာတွေ့ရှိ

Photo: မိဘ နှစ်ပါး၏ အုပ်ထိန်းမှု အောက်တွင် ကြီးပြင်းလာသော ကလေးများသည် ဉာဏ်ရည်ပိုမို ထက်မြက်ကြောင်း လေ့လာတွေ့ရှိ
Thursday,May09,2013

မိဘနှစ်ပါး၏ ထိန်းကွပ်မှု အောက်တွင် ကြီးပြင်းလာသော ကလေးများသည် မိခင် သို့မဟုတ် ဖခင် တစ်ဦးတည်း၏ အုပ်ထိန်းမှုဖြင့် ကြီးပြင်းလာသည့် ကလေးများထက် ဉာဏ်ရည်ပိုမို ထက်မြက်ကြောင်း သုတေသန ပညာရှင် များ၏ လေ့လာ တွေ့ရှိချက် တစ်ရပ်အရ သိရသည်။

ထို့အပြင် မိဘနှစ်ပါးမှ ထိန်းကွပ်ပေးသော ယောင်္ကျားလေး အများစုသည် မှတ်ဉာဏ်ပိုမို ကောင်းမွန်ခြင်း၊ သင်ယူ တတ်မြောက်မှု ပိုမို လွယ်ကူနိုင်ပြီး မိန်းကလေး အများစုသည် ပေါင်းသင်း ဆက်ဆံမှုနှင့် ညှိနှိုင်း ဆောင်ရွက်မှု များတွင် ပိုမို ထက်မြက်လေ့ ရှိကြောင်း ပညာရှင် များက တွေ့ရှိခဲ့ကြသည်။

မိဘ နှစ်ပါးလုံး၏ အုပ်ထိန်းမှု အောက်တွင် ကြီးပြင်းခဲ့သော ကလေးများသည် ဘ၀၏ ပထမ အရွယ်တွင် စိတ်ဖိစီးမှု လျော့နည်းခြင်း၊ ပိုမိုတည်ငြိမ် ရင့်ကျက်ခြင်းနှင့် အလွယ်တကူ တတ်မြောက်ခြင်း စသည့် အကျိုးကျေးဇူး များကိုပါ ကြုံတွေ့ ခံစားနိုင်ကြောင်း သုတေသန ပညာရှင် များက ယုံကြည် လက်ခံထားသည်။

အလားတူ မိဘနှစ်ပါး၏ အုပ်ထိန်းမှု အောက်ရှိ ယောက်ျားလေး အများစုသည် မီးခိုးရောင် ဦးနှောက်ဆဲလ် ထုတ်လုပ်မှု ပိုမို ကောင်းမွန်ပြီး မိန်းကလေး အများစုသည် အဖြူရောင် ဦးနှောက်ဆဲလ် ပိုမို ထုတ်လုပ်နိုင်ကြောင်း သုတေသီ များက ဖော်ပြခဲ့သည်။

ကနေဒါ နိုင်ငံ ကာဂယ်ရီ တက္ကသိုလ်ရှိ ဟော့ခ်ျကစ်(စ်) ဦးနှောက်ဆိုင်ရာ လေ့လာမှု ဌာနမှ သုတေသီ များသည် ကြွက်များအား လေ့လာစမ်းသပ် ခဲ့ရာတွင် မိစုံဖစုံ ရှိသော ကြွက်များသည် အခြား ကြွက်များထက် ဦးနှောက် ဖွံ့ဖြိုးမှု ပိုမို ကောင်းမွန်ကြောင်း လေ့လာ တွေ့ရှိ ခဲ့သည်ဟု သိရသည်။

မြ၀တီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင်  Myanmar Online News ကို like လုပ်ထားပါ

No comments:

Post a Comment