“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, March 16, 2013

မင်း..သိပါတယ်ကွာ(ဟာသ)

Photo: မင်း..သိပါတယ်ကွာ......

တခါက မြို့တမြို့ မှာ မြင့်မောင်ဆိုတဲ့ လူငယ်တယောက်ရှိ သတဲ့။ မြင့်မောင်က ကုမ္ပဏီ တခုမှာ အလုပ်လုပ်နေတယ်။ သူ့အိမ်ကနေ ရုံးကို သွားတဲ့လမ်းမှာ မဖြတ်သွားလို့ မရတဲ့ လမ်းတခုရှိတယ်တဲ့။

တနေ့မနက်ခင်းမှာ အဲဒီလမ်းကလည်း သူဖြတ်သွားရော စတိုးဆိုင်တဆိုင်အရောက်မှာ

“ဟရောင် ငတုန်း..ငနွား လမ်းလျှောက်တာ ဘယ်လိုလျှောက်နေလဲ .. အခြောက်လိုပဲ.. ^#^@*#*@*#@&$&#!&#^#^$@$*$xxxx...”
...
ဆိုတဲ့ သူ့ကို ယုတ်ယုတ်မာမာ လှမ်းဆဲဆိုတဲ့ အသံကြားလိုက်ရသတဲ့ ။ ဒါနဲ့ မောင်မြင့်မောင်လည်း ဒေါသကြီးနဲ့ လှမ်းကြည့်လိုက်တော့ လှောင်အိမ်လေးထဲက ကြက်တူရွေးတကောင်က သူ့ကို စိုက်ကြည့်ပြီး ပြောနေတာကို တွေ့ရသတဲ့။

မောင်မြင့်မောင် လှမ်းကြည့်တဲ့ အချိန်မှာ ကြက်တူရွေးက “ဟရောင် .. မင်းဘာကြည့်တာလဲ .. မိုက်လို့လားကွ” လို့ ထပ်ပြောသတဲ့ ..

မောင်မြင့်မောင်လည်း ဒေါသထွက်ပေမယ့် တိရစ္ဆာန် နဲ့တော့ ပြိုင်ပြီး ဒေါသမထွက်တော့ပါဘူးလေ လို့ တွေးပြီး ဘာမှ မပြောတော့ပဲ ဆက်သွားခဲ့တော့သတဲ့ ။

ဒီလိုနဲ့ သုံးလေးရက် ဆက်တိုင် အဲဒီစတိုးဆိုင်နားကို ရောက်တိုင်း ဆဲဆိုကြိမ်းမောင်းသံတွေ နေရတော့ မောင်မြင့်မောင် လည်း ဒေါသတကြီးနဲ့ စတိုးဆိုင်ထဲကို ၀င်သွားပြီး ဆိုင်ရှင်ကို

“အကို ခင်ဗျား ကြက်တူရွေးမွေးထားတာ လည်း ကြည့်မွှေးပေါ့ဗျာ။ ခင်ဗျားကောင်က ကျုပ်ကို နေ့တိုင်း ဆဲဆိုနေတယ်။ ကြည့်ကြပ် ထိန်းဗျာ။ နောက်တခါဆိုရင်တော့ အလိုကောင်ကို မွေးပြီး ပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးမှုနဲ့ ရဲစခန်း တိုင်တော့မယ်..”
လို့ ပြောလိုက်သတဲ့ ။
ဒါနဲ့ ပိုင်ရှင်လည်း သေချာထိန်းသိမ်းပါမယ့်အကြောင်းနဲ့ နောက်ဒီလို မဖြစ်စေရပါဘူးဆိုပြီး တောင်းပန်သတဲ့။ မောင်မြင့်မောင်လည်း ကျေနပ်ပြီးပြန်လာသတဲ့။

အထွက်မှာ ကြက်တူရွေးကို ရင်ကော့ပြပြီး မင်း ဘာတတ်နိုင်သေးလဲကွ ဆိုတဲ့ အကြည့်နဲ့ တောင် ကြည့်ခဲ့လိုက်သေးသတဲ့။

ဒါနဲ့ မောင်မြင့်မောင်လဲ နောက်တနေ့မှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ အဲဒီလမ်းကို ဖြတ်လာသတဲ့။

စတိုးဆိုင်နားကို အရောက်မှာ “ဟရောင်.. ဟရောင်” လို့ ခေါ်သံ ကြားလိုက်ရလို့ လှည့်အကြည့်မှာ ကြက်တူရွေးက သူ့ကို စေ့စေ့ကြည့်ပြီး ပြောလိုက်တဲ့ စကားကြောင့်

 မောင်မြင့်မောင်ခဗျာ ပက်လက်ကိုလန်သွားသတဲ့ခင်ဗျာ။ 

“ဟရောင် .. မင်းကို ငါဘာပြောချင်လည်းဆိုတာ ကို...မင်း..သိပါတယ်ကွာ” တဲ့။ :D

ရီမောနိုင်ပါစေ။ရှဲပါတယ်...

lon elys...တခါက မြို့တမြို့ မှာ မြင့်မောင်ဆိုတဲ့ လူငယ်တယောက်ရှိ သတဲ့။ မြင့်မောင်က ကုမ္ပဏီ တခုမှာ အလုပ်လုပ်နေတယ်။ သူ့အိမ်ကနေ ရုံးကို သွားတဲ့လမ်းမှာ မဖြတ်သွားလို့ မရတဲ့ လမ်းတခုရှိတယ်တဲ့။

တနေ့မနက်ခင်းမှာ အဲဒီလမ်းကလည်း သူဖြတ်သွားရော စတိုးဆိုင်တဆိုင်အရောက်မှာ

“ဟရောင် ငတုန်း..ငနွား လမ်းလျှောက်တာ ဘယ်လိုလျှောက်နေလဲ .. အခြောက်လိုပဲ.. ^#^@*#*@*#@&$&#!&#^#^$@$*$xxxx...”
...
ဆိုတဲ့ သူ့ကို ယုတ်ယုတ်မာမာ လှမ်းဆဲဆိုတဲ့ အသံကြားလိုက်ရသတဲ့ ။ ဒါနဲ့ မောင်မြင့်မောင်လည်း ဒေါသကြီးနဲ့ လှမ်းကြည့်လိုက်တော့ လှောင်အိမ်လေးထဲက ကြက်တူရွေးတကောင်က သူ့ကို စိုက်ကြည့်ပြီး ပြောနေတာကို တွေ့ရသတဲ့။

မောင်မြင့်မောင် လှမ်းကြည့်တဲ့ အချိန်မှာ ကြက်တူရွေးက “ဟရောင် .. မင်းဘာကြည့်တာလဲ .. မိုက်လို့လားကွ” လို့ ထပ်ပြောသတဲ့ ..

မောင်မြင့်မောင်လည်း ဒေါသထွက်ပေမယ့် တိရစ္ဆာန် နဲ့တော့ ပြိုင်ပြီး ဒေါသမထွက်တော့ပါဘူးလေ လို့ တွေးပြီး ဘာမှ မပြောတော့ပဲ ဆက်သွားခဲ့တော့သတဲ့ ။

ဒီလိုနဲ့ သုံးလေးရက် ဆက်တိုင် အဲဒီစတိုးဆိုင်နားကို ရောက်တိုင်း ဆဲဆိုကြိမ်းမောင်းသံတွေ နေရတော့ မောင်မြင့်မောင် လည်း ဒေါသတကြီးနဲ့ စတိုးဆိုင်ထဲကို ၀င်သွားပြီး ဆိုင်ရှင်ကို

“အကို ခင်ဗျား ကြက်တူရွေးမွေးထားတာ လည်း ကြည့်မွှေးပေါ့ဗျာ။ ခင်ဗျားကောင်က ကျုပ်ကို နေ့တိုင်း ဆဲဆိုနေတယ်။ ကြည့်ကြပ် ထိန်းဗျာ။ နောက်တခါဆိုရင်တော့ အလိုကောင်ကို မွေးပြီး ပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးမှုနဲ့ ရဲစခန်း တိုင်တော့မယ်..”
လို့ ပြောလိုက်သတဲ့ ။
ဒါနဲ့ ပိုင်ရှင်လည်း သေချာထိန်းသိမ်းပါမယ့်အကြောင်းနဲ့ နောက်ဒီလို မဖြစ်စေရပါဘူးဆိုပြီး တောင်းပန်သတဲ့။ မောင်မြင့်မောင်လည်း ကျေနပ်ပြီးပြန်လာသတဲ့။

အထွက်မှာ ကြက်တူရွေးကို ရင်ကော့ပြပြီး မင်း ဘာတတ်နိုင်သေးလဲကွ ဆိုတဲ့ အကြည့်နဲ့ တောင် ကြည့်ခဲ့လိုက်သေးသတဲ့။

ဒါနဲ့ မောင်မြင့်မောင်လဲ နောက်တနေ့မှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ အဲဒီလမ်းကို ဖြတ်လာသတဲ့။

စတိုးဆိုင်နားကို အရောက်မှာ “ဟရောင်.. ဟရောင်” လို့ ခေါ်သံ ကြားလိုက်ရလို့ လှည့်အကြည့်မှာ ကြက်တူရွေးက သူ့ကို စေ့စေ့ကြည့်ပြီး ပြောလိုက်တဲ့ စကားကြောင့်

မောင်မြင့်မောင်ခဗျာ ပက်လက်ကိုလန်သွားသတဲ့ခင်ဗျာ။

“ဟရောင် .. မင်းကို ငါဘာပြောချင်လည်းဆိုတာ ကို...မင်း..သိပါတယ်ကွာ” တဲ့။ :D

ရီမောနိုင်ပါစေ။
 http://www.facebook.com/jokeandothers

No comments:

Post a Comment