“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, March 12, 2013

ဒေါ်လာ ၇.၄သန်းတန် ၁၇၈၇ ခုနှစ်ထုတ် ရှားပါး ရွှေဒင်္ဂါးပြား

Photo: ဒေါ်လာ ၇.၄သန်းတန် ၁၇၈၇ ခုနှစ်ထုတ် ရှားပါး ရွှေဒင်္ဂါးပြား 

အလွန့်အလွန် ရှားပါးတဲ့ ၁၇၈၇ ခုနှစ် ဘရပ်ရှာ ဒေါက်ဗလွန် ရွှေဒင်္ဂါးပြားလေး တစ်ပြားကို၊ ဒေါ်လာ ၇.၄သန်းနဲ့ ရောင်းချလိုက်ရပါတယ်။   ရွှေဒင်္ဂါးပြား ရောင်းခဲ့ဘူးသမျှထဲမှာ ဈေးအမြင့်မားဆုံး တစ်ခုပါပဲ။ နယူးအော်လင် အခြေစိုက်  ရွှေဒင်္ဂါးပြားနဲ့ အဘိုးတန်သတ္ထုတွေ ရောင်းဝယ်တဲ့ ဗလင်ချာ့ဒ် အင် ကုမ္ဗဏီက ဒီအရောင်းဝယ်ဖြစ်အောင် ကမကထ လုပ်ပေးခဲ့တာပါ။

နံရံတံတိုင်းလမ်းကလေး Wall Street မှာရှိတဲ့ အရင်းအနှီးမြှုပ်နှံမှု ကုမ္ပဏီတခုက ဒီ ဘရပ်ရှာ ဒေါက်ဗလွန် ရွှေဒင်္ဂါးပြားလေးကို ဝယ်သွားခဲ့တာပါလို့ဆိုပါတယ်။ ဝယ်သူနဲ့ ရောင်းသူတွေရဲ့ အမည်နဲ့ တခြားအထောက်အထား အချက်အလက် တွေကိုတော့ လျှို့ ဝှက်ထားပါတယ်။

ဂျော့ဝါရှင်တန်ရဲ့ အိမ်နီးချင်း ရွှေပန်းထိန်ဆရာ အက်ဖ်ရိမ်း ဘရတ်ရှာက ဒီဒင်္ဂါးကို သွန်းလုပ်ခဲ့တာပါ။  ဒီ ရွှေဒင်္ဂါးပြားလေးဟာ ၂၆.၆၆ ဂရမ် (တအောင်စ ထက်နည်းနည်းလျှော့တဲ့ အလေးချိန်) သာ လေးပါတယ်။  ဒီဒင်္ဂါးကို သွန်းလုပ်ခဲ့တဲ့ အချိန်တုန်းက ၁၅ ဒေါ်လာပဲတန်ပါတယ်။ အခုခေတ်တန်ဘိုးနဲ့ဆိုရင် ဒေါ်လာ ၁၅ဝဝ ပေါ့။

http://www.facebook.com/pages/%E1%80%91%E1%80%B0%E1%80%B8%E1%80%91%E1%80%B0%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8/216889081773930

No comments:

Post a Comment