“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, March 10, 2013

ပေါင် ၁၃၂ဝ အလေးချိန်ရှိ ချွန်မြသော နှုတ်သီးရှည်ရှိသည့် အပြာရောင် ပင်လယ်ငါးကြီး

Photo: ပေါင် ၁၃၂ဝ အလေးချိန်ရှိ ချွန်မြသော နှုတ်သီးရှည်ရှိသည့် အပြာရောင် ပင်လယ်ငါးကြီး

လန်ဒန်    မတ်    ၈

ဗြိတိန်နိုင်ငံမှ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ကီဗင်ဂက်ဒ်နာသည် ငါးမျှားချိတ်ကို အသုံးပြု၍ ပေါင် ၁၃၂ဝ ရှိ နှုတ်သီးရှည်ရှိသည့် အပြာရောင် မာလင်ငါးကြီး တစ်ကောင်အား ဖမ်းမိခဲ့ကြောင်း သိရသည်။

ဂက်ဒ်နာသည် လွန်ခဲ့သည့် ၂၅ နှစ် ကျော်က ယင်းကဲ့သို့ ငါးမျိုးကို ဖမ်းဆီးရန် စိတ်ကူးခဲ့ဖူးကြောင်း၊ ယခုအ ခါ အဆိုပါ ငါးကြီးကို အောင်မြင်မှု ဆုလာဘ်အဖြစ် အတ္တလန္တိတ် သမုဒ္ဒရာမှ မိုင် ၄ဝဝဝ ကွာဝေးသော ဗြိတိန်နိုင်ငံသို့ လေယာဉ်ဖြင့် သယ်ဆောင်ခဲ့သည်။

ခြောက်မီတာ အရှည်ရှိသော အဆိုပါငါး ဖမ်းဆီးရရှိမှုသည် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးမားဆုံး ဖမ်းဆီးရရှိမှုဖြစ်ပြီး ယင်းငါးသည် ဂက်ဒ်နာ၏ ငါးဖမ်းဆီးရမိမှုတွင် အကြီးမားဆုံး ငါးတစ်ကောင် ဖြစ်သည်ဟု ယူဆရသည်။

ဂက်ဒ်နာသည် ၁ဝ ရက်ကြာ ငါးဖမ်းခရီးစဉ်အတွင်း ၎င်း ငါးအား ရရှိရန် အချိန် ၃ နာရီ ကြာမျှ ကြိုးစားဖမ်းဆီး ခဲ့ရသည်။ ပထမ ၁၅ စက္ကန့်တွင် ၎င်းငါးသည် ငါးမျှားချိတ်၌ ဖမ်းမိပြီး ၇ဝဝ မီတာရှည်သော ငါးမျှားကြိုးမှ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ 

ထို့နောက်တွင် ယင်းငါးအား လှေပေါ်သို့ ရောက်ရှိရန် ခန့်မှန်းခြေ ၅ မိုင်ခန့် အကွာမှ ခက်ခက်ခဲခဲ ဆွဲယူခဲ့ရကြောင်း ဂက်ဒ်နာက ဖြေကြားခဲ့သည်။

Posted by mya wady at Saturday, March 09, 2013

http://www.facebook.com/pages/General-Knowledge/271775222863912

No comments:

Post a Comment