ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ နာမည်ကျော် ဂင်ဇာ လမ်းမကြီးပေါ်မှာရှိတဲ့
သွေးစုတ်ဖုတ်ကောင် စားသောက်ဆိုင်ပါ။ သွေးစုတ်ဖုတ်ကောင် ဇာတ်ကားတွေမှာ
တွေ့ရလေ့ရှိတဲ့ အသုံးအဆောင်များ၊ အခေါင်းများ၊ ဦးခေါင်းခွံများ၊
လက်ဝါးကပ်တိုင်များ၊ အနီရောင်ဖယောင်းတိုင်များ စသည်တို့က ရုပ်ရှင်ထဲက
ထိတ်လန့်ခြောက်ခြားဖွယ် သွေးစုတ်ဖုတ်ကောင်များကို ချက်ခြင်းဘဲ သတိရစေမှာ
ဖြစ်ပါတယ်။ ခန်းဆီလိုက်ကာ၊ ထိုင်ခုံ၊ စားပွဲများကိုလည်း အနီရဲရဲဖြင့် တန်ဆာဆင်ထားပါတယ်။သွေးစုတ်ဖုတ်ကောင်
စားသောက်ဆိုင်ထဲမှာ အထူးသောက်စရာကတော့ Vampire Blood လို့ အမည်ပေးထားတဲ့
အနီရောင် အရည်ဖြစ်ပါတယ်။ ၄င်းအရည်ဟာ အနီရောင်စပျစ်ဝိုင်နဲ့
သစ်သီးဖျော်ရည်တို့ကို ရောစပ်ထားတာ ဖြစ်ပါတယ်။ စားသောက်ဆိုင်ရဲ့
ဈေးနှုန်းကတော့ လူနှစ်ယောက် ညစာ တစ်ခါစားရင် ဒေါ်လာတစ်ရာ ကျသင့်ပါတယ်တဲ့။
စားနိုင်သူတွေစားသွား
စားကြပေါ့ဗျာ......... :)
http://on.fb.me/UWRK0Q
Credit ►
လမင်းမောင်
www.facebook.com/pages/Myawady-News/351018658329305?ref=stream

No comments:
Post a Comment