“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, July 10, 2013

ရင်သားကင်ဆာ၏ လူသိနည်းသောလက္ခဏာများ

Photo: ရင်သားကင်ဆာ၏ လူသိနည်းသောလက္ခဏာများ

ရင်သားကင်ဆာနဲ.ပက်သက်ပြီး အများဆုံးကြားဖူးနားဝရှိတာကတော. 
ရင်သားတွေမှာ အလုံးတွေပေါ်လာတာဟာ ရင်သားကင်ဆာရဲ.ကနဦး လက္ခဏာ ဖြစ်တယ်ဆိုတာပါပဲ။ဂျောခ်ျတောင်းတက္ကသိုလ်ကင်ဆာဌာနမှ
ဒေါက်တာ အင်ဒရူးပွတ်နမ် ကတော. ရင်သားထဲမှာအလုံးတစ်ခု စမ်းမိ
တယ်ဆိုတာ ကင်ဆာရဲ.ပထမဆုံးလက္ခဏာ မဟုတ်တတ်ဘဲ အမျိုးသမီး
တစ်ယောက် ပထမဆုံးတွေ.ရှိရတဲ.လက္ခဏာသာ ဖြစ်လေ.ရှိတယ်လို.ဆိုပါတယ်။တစ်ခါတစ်ရံမှာရင်သားထဲကအလုံးပတ်လည်ရှိ
ကြွက်သားတွေက ထူထဲလွန်းတာကြောင်. စမ်းသပ်မတွေ.ရတာမျိုးလည်း ရှိ
တတ်ပါတယ်။ဒါ.အပြင် ကင်ဆာမဟုတ်တဲ. တစ်ခြားအလုံးတွေကလည်း
ရင်သားကင်ဆာနဲ.မှားတတ်ပါတယ်။ ဒါကြောင်. တစ်ခြားသော ရင်သား
ကင်ဆာရဲ. လက္ခဏာ တွေကိုလည်း သိရှိထားသင်.ပါတယ်။အောက်ပါလူသိ
နည်းတဲ. ရင်သားကင်ဆာလက္ခဏာတွေကို သတိပြုခြင်းဖြင်. သင်.ကို ဆရာဝန် ထံစောစီးစွာ ရောက်ရှိစေပြီး လိုအပ်တဲ.စစ်ဆေးမှု၊ကုသမှုတွေကို
စောစောလုပ်စေနိုင်ပါလိမ်.မယ်။

ရင်သားများယားယံခြင်း၊ နီရဲနာကျင်ခြင်း

ပုံမှန်ရင်သားကင်ဆာများထက်ရှားပါးသော ရင်သားကင်ဆာတစ်မျိုး ဖြစ်တဲ.
ရောင်ရမ်းသော ရင်သားကင်ဆာ (inflammatory breast cancer)ရဲ. လက္ခဏာတစ်ရပ်ဟာ ရင်သားအရေပြားယားယံခြင်း၊စမ်းကြည်.လျှင်ပူနေ
ခြင်းတို. ဖြစ်ကြပါတယ်။ရောင်ရမ်းသော ရင်သားကင်ဆာဟာ ရင်သားတွေကို
ရောင်ရမ်းခြင်း၊ယားခြင်း၊နာခြင်း တို.ကို ဖြစ်စေနိုင်ပါတယ်။ရင်သားအရေပြား
ဟာ ပုံမမှန်စွာ နီရဲနေတာ၊ထူထပ်နေတာ၊ဒါမှမဟုတ် ရိုက်နှက်ခံထားရသလို 
ညိုမည်းနေတာ ဖြစ်တတ်ပါတယ်။"လိမ္မော်သီးခွံ"ပုံသဏ္ဌန်အရေပြားဟာ 
တစ်ချို.ရောင်ရမ်းရင်သားကင်ဆာရဲ. ၀ိသေသလက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။
ပထမတော. ရင်သားတွေတင်းနေသလိုမျိုး ခံစားရတတ်သလို တစ်ခုခုနဲ.
ဓာတ်မတည်.သလိုမျိုး နီရဲနာကျင်တာမျိုးလည်း ခံစားရတတ်ပါတယ်။ဒါပေမယ်. ရက်အနည်းငယ်ကြာသည်.တိုင်အောင် ပျောက်မသွားပါဘူး။

ဘာကြောင်.ဖြစ်သလဲ

လူသိပ်မသိကြသော်လည်း ကျောရိုးအထူးကုဆရာဝန်တွေဟာ ကျောရိုးမှာ
အလုံးတွေရှိ၊ မရှိစစ်ဆေးကြည်.တတ်ပါတယ်။ဘာကြောင်.လဲဆိုတော.
တစ်ချို.အမျိုးသမီးတွေမှာ တစ်ခြား ရင်သားကင်ဆာလက္ခဏာတွေထက် အရင်နောက်ကျောနာနာကျင်ခြင်းဝေဒနာကို ခံစားကြရတာကြောင်.ပါ။ပုခုံး
ရိုးပြားနှစ်ခုကြား နောက်ကျောအလယ်ပိုင်း နာကျင်ခြင်းဟာ ကြွက်သားနာကျင်တာ၊အရွတ်နာတာ၊ကျောရိုးဆစ်ရောင်ရမ်းတာတွေနဲ.
မှားယွင်းတတ်ပါတယ်။

ရင်သားကင်ဆာ အလုံးအများစုဟာ ရင်ဘတ်နံရံနဲ.နီးတဲ. ရင်ခေါင်းအတွင်းပိုင်းနက်နက်နဲ. ဆက်စပ်နေလေ.ရှိတဲ. ရင်သားကြွက်သား
အတွင်းမှာ ဖြစ်ပေါ်တတ်ပါတယ်။အကယ်လို. ကင်ဆာအလုံးကနံရိုးနဲ. ကျောရိုးမကြီးရှိရာ အနောက်ဘက်ကို ဦးတည်ကြီးထွားလို.ရှိရင် နာကျင်မှုက
ရင်သားထဲမှာ ထက် နောက်ကျောမှာ ပိုခံစားရတတ်ပါတယ်။ ရင်သားကင်ဆာဟာ ကျောရိုးမကြီးနဲ. နံရိုးတို.ဆီကိုလည်း ကင်ဆာဆဲလ်တွေ
ကိုပျံ.နှံ.စေနိုင်ပါတယ်။

နို.သီးခေါင်းများ၏ပြောင်းလဲခြင်း

ရင်သားကင်ဆာ အများစု ဖြစ်တည်ရာနေရာတစ်ခုဟာ နို.သီးခေါင်းအောက်
ဘက်ကပ်ရက်မှာ ဖြစ်ပြီး နို.သီး ခေါင်းရဲ.ပုံသဏ္ဌန်ကို ပြောင်းလဲစေခြင်းဖြစ်
တတ်ပါတယ်။ဒါ.အပြင် နို.သီးခေါင်းပုံသဏ္ဌန်ပြောင်းလဲခြင်းဟာ အမျိုးသားတွေမှာ ဖြစ်ပွားတဲ. ရင်သားကင်ဆာရဲ. လက္ခဏာတစ်ရပ်လည်း 
ဖြစ်ပါတယ်။သင်.နို.သီးခေါင်းဟာ နဂို ကလို ကောင်းကောင်းမွန်မွန်ထောင်နေ
တာမျိုးမဟုတ်ပဲ ဖြစ်နေတတ်ပါတယ်။ထူးထူးခြားခြား အပြင်ဘက်ကို လန်နေတာ အာရုံခံစားမှု မျိုးချို.ယွင်းနေတတ်တာမျိုး ခံစားရပြီး၊ လင်မယားအတူနေစဉ်မှာ သတိထားမိတတ်ကြပါတယ်။ တစ်ခြားသော 
နို.သီးခေါင်းရဲ. ပြောင်းလဲမှုကတော. သွေား၊နို.၊အရည်ကြည် စတဲ. အရည်တွေ နို.တိုက်နေတဲ.အချိန်မဟုတ်ဘဲ ထွက်တတ်ပါတယ်။နို.သီးခေါင်းအရေးပြားကလည်း အက်ကွဲနေတာ၊ထူထဲနေတာ (သို.မဟုတ်)
ရောင်ရမ်းတာတွေဖြစ်တတ်ပါတယ်။

ဘာကြောင်.ဖြစ်သလဲ

နို.သီးခေါင်းရဲ. နောက်ဘက်ကပ်ရက်ဒါမှမဟုတ် တစ်ဘက်တစ်ချက်မှာဖြစ်
ပေါ်လေ.ရှိတဲ. နို.ရည်ပြွန် တွေထဲကကင်ဆာ အလုံးတွေဟာ နို.သီးခေါင်း
ပတ်ဝန်းကျင် က အရေပြားကို အပြင်စူထွက်အောင်တွန်းတင်တတ်သလို 
နို.သီးခေါင်း ကိုလည်း ဘေးရောက်အောင် တွန်းတင်တတ်ပါတယ်။ကင်ဆာ 
အလုံးကလည်း ယားယံခြင်း၊ပိုးဝင်ခြင်း တို.ကို ဖြစ်စေပြီး အရည်တွေထွက်စေ
နိုင်ပါတယ်။

ရင်သားတစ်ဘက်တည်းကပုံသဏ္ဌန်(သို.မဟုတ်) အရွယ်အစားပြောင်းလဲ
ခြင်း

အများထင်ကြသလို ရင်သားကင်ဆာအလုံးအားလုံးဟာ သိသိသာသာ ထင်ရှားစွာ ဖြစ်ပေါ်တတ်တာမဟုတ်ပါဘူး။အသက် 42-နှစ် အရွယ်မှာ ရင်သားကင်ဆာရှိတာကို သိခဲ.ရတဲ. ကယ်လီဖိုးရီးယား က အမျိုးသမီး
တစ်ယောက်ကတော. "ကျွန်မစသတိထားမိတာကတောအလုံးမဟုတ်ပါဘူး။
ကျွန်မရင်သားတစ်ဖက်က တစ်ခြားတစ်ဖက်လိုလုံးဝန်းမနေပဲ ဘဲဥပုံဖြစ်နေပြီး အောက်ဘက်ကို တွဲကျနေကာ တစ်ဖက်မှာ ပိုချွန်ထွက်နေတယ်လို.ပဲသတိ
ထားမိခဲ.တာပါ" လို. ရှင်းပြပါတယ်။အဆိုပါပြောင်းလဲမှုတွေကိုသိရှိဖို.
အကော်းဆုံးနည်းလမ်းကတော. သင်.ရင်သားရဲ.အရွယ်နဲ. ပုံသဏ္ဌန်ကို 
သိရှိဖို.မှန်ရှေ.မှာ လေ.လာစစ်ဆေးကြည်.ခြင်းပါပဲ။မှန်ရှေ.မှာထိုင်ပြီး ရင်သား
နှစ်ဘက်လုံးကို စေ.စေ.ကြည်.ပါ။ရင်သားနှစ်ဘက်လုံးကအရွယ်ညီရဲ.လား၊
ပုံသဏ္ဌန်၊အရွယ်အစားပြောင်းလဲမှုရှိသလားဆိုတာကိုရှာဖွေပါ။ စိတ်ဝင်စားစရာကောင်းတဲ.တစ်ချက်က တစ်ချို.အမျိုးသမီးတွေဟာ ဘရာစီယာ ၀တ်ရင်တစ်ဘက်က အရင်လိုမဟုတ်ပဲ တင်းနေသလိုခံစားရ
တာကို သတိပြုမိရာကနေ ရင်သားကင်ဆာ ရှိ၊မရှိ စစ်ဆေးတဲ.စခန်းကို ရောက်လာကြတာပါ။ဒါမှမဟုတ် အိမ်ထောင်ဖက်က အတူနေစဉ်မှာ သတိ
ထားမိပြီး ပြောပြရာကနေ သိရှိကြတာပါ။

ဘာကြောင်.ဖြစ်သလဲ

ရင်သားအတွင်းပိုင်းနက်နက်မှာဖြစ်ပေါ်တဲ.အလုံး၊ရင်သားကြွက်သားထူထူထဲမှာဖြစ်တဲ. အလုံးတွေဟာ သိသာထင်ရှားတဲ.
အလုံးမဟုတ်ဘဲ ရင်သားအရွယ်အစား၊ပုံသဏ္ဌန်ကိုသာပြောင်းလဲမှုဖြစ်ပေါ်
စေပါတယ်။သင်.ရင်သားကြွက်သားတွေ ထူထဲနေတယ်ဆိုရင် ဒီအချက်ကိုသတိထားသင်.ပါတယ်။

ချိုင်းကြားတွင် နီရဲနာကျင်ကာ ရောင်ရမ်းခြင်း(သို.မဟုတ်) အလုံးထွက်ခြင်း

တုပ်ကွေးဖြစ်တဲ.အခါ လည်ပင်းနဲ. လည်ချောင်းတစ်ဝိုက်က အကျိတ်ကလေးတွေ ရောင်ရမ်းနာကျင်တာကို ခံစားဖူးကြမှာပါ။အဲသည်လို
ပဲ ရင်သားကင်ဆာဖြစ်လာရင်လည်း ကင်ဆာဆဲလ်တွေက ချိုင်းကြားက 
အကျိတ်တွေဆီပထမဆုံးပျံ့နှံ့နေတဲ. အကျိတ်တွေဟာ ရင်သားထဲက ကင်ဆာ 
အလုံးကို စမ်းသပ်မမိခင်ကတည်းက ရောင်နေတာ၊နာနေတာ၊ကြီးနေတာ 
ဖြစ်နိုင်ပါတယ်။ချိုင်းထဲကနာနေရင် လက်ချောင်းတွေနဲ.သေချာစမ်းသပ်စစ်
ဆေးသင်.ပါတယ်။ကင်ဆာကြောင်.ကြီးထွားလာတဲ.အကျိတ်လေးတွေဟာ 
မာကျောပြီး ပတ်ဝန်းကျင်မှာရှိတဲ.ကြွက်သားတွေနဲ.တွဲကပ်နေတာကြောင်.
လှုပ်ကြည်.ရင်  ရွေ.ရှားလေ.မရှိပါဘူး။အနားကအရေပြားတွေကို စမ်းကြည်.
ရင်လည်းကျန်တဲ.တစ်ဘက်ကလို မဟုတ်ပဲ ထူထဲမာကျောနေတာကို တွေ.ရပါလိမ်.မယ်။

ဘာကြောင်.ဖြစ်သလဲ

ချိုင်းကြားထဲက အကျိတ်ကလေးတွေဟာရင်သားနဲ.အနီးဆုံးမှာ တည်ရှိတာ
ကြောင်. ရင်သားတစ်ဝိုက်ကလာတဲ.လင်.မ်ရည်တေဟာ ဒီနေရာကိုပဲ အရင်ဆုံး ရောက်ပါတယ်။ရင်သားကင်ဆာပျံ့နှံ့ရင်ဒီအကျိတ်တွေဟာ ပထမ
ဆုံးရောက်ရှိတဲ.နေရာဖြစ်တဲ.အတွက် ရင်သားကင်ဆာရဲ.အဆင်.တွေကို
ခွဲခြားရာမှာတောင် ချိုင်းကအကျိတ်တွေကို ပျံ့နှံ့မှု ရှိ၊မရှိ ကိုမူတည်ပြီး ခွဲခြား
ကြပါတယ်။

ကြည်စေတနာ
By-Health care Journal

No comments:

Post a Comment