“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, June 20, 2013

ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားလျှင် ကျရောက်တတ်သော ဒဏ် ၁၀ ပါး

ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားလျှင် 
ကျရောက်တတ်သော ဒဏ် ၁၀ ပါး-

၁) ရောဂါဆန်းတွေ ဖြစ်တတ်သည်။

၂) စီးပွားကို ခက်ခဲ ဆင်းရဲ ပင်ပန်းစွာ ရှာရတတ်သည်။

၃) ခန္ဓာကိုယ် နာကျင် ကျိုးကန်း ထိခိုက်ဒဏ်ရာ ရတတ်သည်။

၎) ပွေး၊ ၀ဲ၊ ယားနာ အရေပြားရောဂါ ဖြစ်တတ်သည်။

၅) ဘေးရန် အန္တာရာယ် ကျရောက်တတ်သည်။

၆) မင်းဘေးမင်းဒဏ် သင့်တတ်သည်။

၇) အကဲ့ရဲ့ အစွပ်စွဲ ခံရတတ်သည်။

၈) ဇနီး၊ မယား သမီး သားနှင့် ရှင်ကွဲ၊ သေကွဲ ကွဲတတ်သည်။

၉) လွန်စွာ ဆင်းရဲ ဒုက္ခရောက်တတ်သည်။

၁၀) ဥစ္စာ ပစ္စည်းများ အရောင်းအ၀ယ် မဖြစ်၊ အလိမ်ခံရ၊ အခိုးခံရ၊ ဓားပြတိုက်ခံရ၊ မီးလောင်ခံရ စသည်ဖြင့် တနည်းနည်းဖြင့် ဆုံးရှူံးသွားတတ်သည်။

ခင်ပွန်းကြီး ၁၀ ပါးကား--

၁။ ဗုဒ္ဓ- သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်

၂။ ပစ္စေကဗုဒ္ဓ- ဘုရားငယ်ဟုခေါ်သော ပစ္စေကဗုဒ္ဓ (သာသနာပ-သာသနာမထွန်းကားရာအချိန်၌ ပေါ်ထွန်းလာသော ဘုရားငယ်)။

၃။ ပကတိသာဝက ( ရဟန္တာ- ကိလေသာ, စိတ်အညစ်အကြေး လုံးဝကုန်ပြီးသော ရဟန္တာ)။

၎။ အဂ္ဂသာဝက- ဘုရားရှင်၏ လက်ျာရံ၊ လက်ဝဲရံ ဟူဆိုအပ်သော လက်ရုံးတော် သာဝက ၂ပါး။ (အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် ကဲ့သို့)။

၅။ မာတာ-မွေးသမိခင် ကျေးဇူးရှင်။

၆။ ပိတာ- မွေးသဖခင် ကျေးဇူးရှင်။

၇။ ၀ုဒ္ဓါပစာယန- အသက်, သိက္ခာ, ဂုဏ်ဝါ, သီလ, သမာဓိ, ပညာ စသော ဂုဏ်တို့ဖြင့် မိမိထက် သာသူ မြတ်သူများ။

၈။ အာစရိယ- လိမ္မာစေရန် သွန်သင်ဆုံးမ ကျိုးကြောင်းပြ၍ ပညာသင်ပေးသော ဆရာသခင် ကျေးဇူးရှင်။

၉။ ဟိတကရ- စားဖွယ်, သောက်ဖွယ်, နေစရာ, အ၀တ်အစား၊ ထမင်းတစ်လုတ် ရေတမှုတ် စသည့် တစ်ခုခုဖြင့် ပေးကမ်းဖူးသော ကျေးဇူးရှင် (အလှူရှင်)

၁၀။ ဓမ္မကထိက- ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ၊ တရားဟောဆရာ။

ပိုင်းလော့ဆရာတော်ကြီး 

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

No comments:

Post a Comment