“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, May 23, 2013

စိတ်ဖိစီးမှုလျော့နည်းအောင်

Photo: စိတ်ဖိစီးမှုလျော့နည်းအောင်
=================
Tuesday, May 21, 2013

လူတော်တော်များများပြောနေကြတဲ့ stress ဆိုတာကို ကြားဖူးမယ်
ထင်တယ်။ stress ဆိုပြီး နားထောင်ရတာ ကောင်းပေမဲ့ တကယ်တော့ ခံရတော်တော်ခက်တဲ့ ဝေဒနာတစ်ခုပါပဲ။ လူတိုင်းလူတိုင်း stress နဲ့ 
ရင်းနှီးပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ဖိစီးမှုက ကျွန်တော်တို့ ပတ်ဝန်း
ကျင်မှာ အမြဲရှိနေပြီး လူတိုင်းဟာ ခံစားနေရလို့ ပါပဲ။ ပြင်ပက ၀င်လာတဲ့ ဖိအားတွေ၊ ကိုယ်လိုချင်တဲ့အရာကို ကြိုးစားပြီးရယူနေရတဲ့ အခါမျိုးမှာ အများဆုံးခံစားနေရပါတယ်။ များသောအားဖြင့် အလုပ်ကြောင့်၊ လူမှုဆက်ဆံရေးကြောင့်၊ ငွေရေးကြေးကြောင့် စိတ်ဖိစီးမှုတွေရရှိနေ
ရပါတယ်။ စိတ်ဖိစီးမှုများနေတဲ့ လူတစ်ယောက်ဟာ ပျော်ရွှင်နိုင်ဖို့ ခက်ခဲ
ပါတယ်။ဒီတစ်ခါ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျှော့
ချကြည့်ရအောင်.....

၁။ ဘယ်အကြောင်းအရာတွေက ကိုယ့်ကို အများဆုံးစိတ်ဖိစီးမှု
ပေးနိုင်လဲဆိုတာကိုသိရအောင်စာရွက်ပေါ်မှာချရေးကြည့်ပါ။
သိသွားရင် လျှော့ချဖို့ ကြိုးစားပါ။

၂။ စိတ်ဖိစီးမှုတွေအရမ်းများလာတဲ့အခါ အသက်ကိုခပ်ပြင်းပြင်းလေးနဲ့ ၁၀ကြိမ်လောက်ရှူလိုက်ပါ။

၃။ အားကစားတစ်ခုခုကိုပြင်းပြင်းထန်ထန်လုပ်ကြည့်ပါ။

၎။ ခေါင်းကိုက်စေတဲ့ ကိစ္စမျိုးတွေနဲ့ ကြုံလာတဲ့အခါ ၁၅မိနစ်လောက်ကို လုံးဝbreak လုပ်လိုက်ပါ။

၅။ caffeine ဓာတ်ပါတဲ့ အရည်တစ်ခုခုကိုသောက်လိုက်ပါ။ ဥပမာ... ကော်ဖီတစ်ခွက်လောက်ဖြစ်ဖြစ်ပေါ့။

၆။ စိတ်ဖီစီးစေတဲ့အကြောင်းတွေထဲကမှ မလိုအပ်ဘူးလို့ ထင်တဲ့ ကိစ္စတွေကိုမေ့ပစ်လိုက်ပါ။

၇။ ဘယ်အရာကိုပဲလုပ်လုပ် မလုပ်ခင် plan ချထားပါ။ ဒါကလည်း စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်မှာပါ။

၈။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင်အိပ်ပါ။အိပ်ရေးဝအောင်မအိပ်ဘူး
ဆိုရင်လည်း စိတ်ဖိစီးမှုတွေဖြစ်လာနိုင်ပါတယ်။

၉။ ထွက်ပေါက်တစ်ခုခုရှာပါ။ ဥပမာ- ပန်းချီဆွဲတာပဲဖြစ်ဖြစ်၊ ဖုန်းပြော
တာပဲဖြစ်ဖြစ်၊ မြူးကြွတဲ့ တေးသီချင်းတွေကြား ကခုန်တာပဲဖြစ်ဖြစ်ပေါ့.....

၁၀။ အကောင်းဆုံးနည်းနဲ့  အထိရောက်ဆုံးနည်းကတော့ တရားထိုင်
တာပါပဲ။ ကိုယ့်စိတ်တွေကို ငြိမ်သက်အောင်ပြုလုပ်ခြင်းကလည်း စိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင်ပါတယ်။

laypyay(ကနောင်)

No comments:

Post a Comment