“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, April 29, 2013

ဇွဲရှိစေသည့် နည်းလမ်းများ

            ဇွဲ သည် စိတ် အြေ ခအနေတစ်မျိုးပင်ဖြ စ်ေ သာကြောင့်ယင်း စိတ်ကိုပြုစုပျိုးထောင်လျှင်ရသည်အခြား
စိတ် အခြေအနေများကဲ့သို့ပင်ဇွဲ စိတ်သည် လည်းတိကျ သည့်အကြောင်းရင်းများကိုအခြေခံ၍ဖြစ်ပေါ်လာသည်
ယင်းအကြောင်းရင်းများမှာအောက်ပါ အတိုင်းဖြစ်သည်ဇွဲသည်အောင်မြင်မှုအတွက်အရေးကြီးသောအခန်းကဏ္ဍက
ပါဝင်ပေသည်မိမိaအာင်မြင်ဖို့ဆိုလျှင်မိမိသာအရေးကြီးပေသည် အောင်မြင်လိုလျှင် အောင်မြင်ရေးနည်းလမ်းများကို
လေ့လာလိုက်စားမှသာလျှင် တော်ကာကျ ပေလိမ့်မည် သို့သောမဟုတ်ပါ က အောင်မြင်မှုဖို့နှောင့်နှေးနေမည်သာ

က။   တိကျသည့်ရည်မှန်းချက်။ ။ဇွဲကိုပြုစုပျိုးထောင်ရာတွင်ပထမဦးစွာမိမိဘာအလိုရှိသည်ကိုသိရှိရန်အလွန်
       အရေးကြီး သည် လိုအင်ဆန္ဒပြင်းပြလျှင်အခက်အခဲများကိုအလွယ်တကူကျော်လွှားနို င်လေသည်

ခ။    လိုအင်ဆန္ဒ။ ။လိုအင်ဆန္ဒပြင်းပြသည့် ရည်မှန်းချက် အတွက်ကြိုးစား လုပ်ဆောင် နေလျှင်ဇွဲသည်အလွယ်
        တကူပင်ဖြစ်ပေါ်လာလေသည်

ဂ။    မိမိကိုယ်ကိုအားကိုးခြင်း။ ။လုပ်ငန်း အစီအစဉ် အတိုင်းအကောင် အထည်ဖော်နိုင်မည်ဟုမိမိကိုယ်ကို
      ယုံကြည်နေလျှင်  အစီအစဉ်အတိုင်းဇွဲဖြင့်ကြိုးစားလုပ်ဆောင်နေပေမည်။

ဃ။    စီမံချက်များတိကျခြင်း။ ။ စီမံချက်များတိကျပြတ်သားလျှင်အကောင် အထည်ဖော်သောအခါပျော့ကွက်
        ဟာကွက်များရှိစေကာမူဇွဲစိတ်များဖြစ်ပေါ်စေသည်။

င။      မှန်ကန်စွာသိမြင်ခြင်း။ ။အတွေ့အကြုံ ကိုအခြေပြုေ ရးဆွဲ ထား သော မိမိ၏စီမံချက် သည်အခြေမှ န်၍
        ယုတ္တိတန်သည်ဟုနားလည်နေလျှင်လည်းဇွဲစိတ်မပျယ်နိုင်ပေတကယ်နားမလည်ပဲအထင်မျှသာဆို
        လျှင်ဇွဲလုံ့လပျက်ပြားနိုင်သည်။

စ။    ပူးပေါင်းဆောင်ရွက်ခြင်း။ ။အခြားလူများနှင့်စာနာစိတ်နားလည်းစိတ်တို့ဖြင့်အဆင်ပြေစွာ ပူးပေါင်းလုပ်ကိုင်နိုင် လျှင်လည်းဇွဲလုံ့လများဖြစ်ပေါ်လာလေသည်။

ဆ။   စိတ်စွမ်းအား။ ။တိကျသည့်ရည်မှန်းချက်အတွက်စီမံချက်အတိုင်း လုပ်ဆောင်အ ကောင်အထည်ဖော်ရာတွင်  အာရုံစူးစိုက်မှုရှိလျှင်လည်းဇွဲလုံ့လဖြစ်ပေါ်လာလေသည်။

ဇ။     အလေ့အကျင့်။ ။ဇွဲသည်အလေ့အကျင့်မှဖြစ်ပေါ်လာလေသည်နေ့စဉ်နေ့တိုင်းလုပ်ကို င်ရာမှအလေ့အကျင့်
        ဖြစ်လာ သည်လူ၏အဆိုးရွာဆုံးရန်သူဖြစ်သည့် ကြောက်စိတ်အားအန္တရာယ်များကိုရဲစိတ်မွေး၍ထပ်တလဲလဲ
       ရင်ဆိုင်ြ ခင်းဖြင့်ကုစား နိုင်သည် စစ်ပွဲများ တွင် ပါဝင် ဆင်နွှဲဖူးသူတိုင်း ဤ သဘော ကိုနား လည်လေသည် ။

ကျွန်တော်ဥပမာပေးဖို့မလိုအပ်လောက်ဘူးလို့ထင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ကား အောင်မြင်သူ ပုဂ္ဂိုလ်အားလုံး ဟာဇွဲဟူသောလက်နက်ကိုကိုင်ဆောင် ထားကြလို့ ပါပဲ ဇွဲမရှိသူသည် သာမန် ရပ်တည်မှုကိုပင် ခဲခဲရင်းရင်း ရပ်တည်ရပေလိမ့်မည် ။

မြတ်ဌေးမောင်မှ ကူးယူဖော်ပြသည်။
                                                                 ♥~`ပန်းတိုင်~`♥♥
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A2049065&xgs=1&xg_source=msg_share_post

No comments:

Post a Comment