“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, February 2, 2013

Gumpert ရဲ့ အမြန်ဆုံး ကား Apollo

ဂျာမနီ ပြိုင်ကား ကုမ္မဏီ Audi ရဲ့ အဓိက အရေးပါ အင်ဂျင်နီယာ တစ်ဦး ဖြစ်သူ Roland Gumpert ဟာ ၂၀၀၅ ခုနှစ်မှာGumpert အမည်ရ ကိုယ်ပိုင်ကား ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခု တည်ထောင် ခဲ့ပါတယ်။

တည်ထောင်တဲ့ ပထမနှစ် မှာပါ ကုမ္မဏီရဲ့ ဂုဏ်သိက္ခာကို မြင့်တင် ပေးနိုင်မယ့် ကားတစ်စီး ထုတ်လုပ် နိုင်ခဲ့ ပါတယ်။ Gumpert Apollo လို့ အမည်ပေး ထားပြီး အဆင့်မြင့် ဇိမ်ခံပြိုင်ကား တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက် ကတော့ Aerodynamic ဖြစ်ပြီး လေကို ဘေးဘယ်ညာ ကနေ ယူသွင်း နိုင်ပါတယ်။

လေများများ ရတဲ့ အင်ဂျင်ဟာ အအေးခံ စနစ်မှာကော၊ Starting မှာရော အားသာချက် များရှိတဲ့ အတွက် အင်ဂျင် လုပ်ဆောင်ချက် ပိုမို ကောင်းမွန်မှာ ဖြစ်ပါတယ်။ Air cooling System, Air starting system, Air conditioning system စသည်ဖြင့် ပြိုင်ကား တစ်စီးမှာ မရှိမဖြစ် လိုအပ်တဲ့ လေကို ပါဝင် efficiency ကောင်းကောင်းနဲ့ ဆုပ်ယူ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

ကာဘွန်ဖိုက်ဘာ ဘော်ဒီ၊ မဂ္ဂနီဆီယမ် အလွိုင်းဝီး၊ အလူမီနီယမ် ရှေ့ဖုံး စသည်ဖြင့် ပေါ့ပါး အကြမ်းခံ သတ္တု များနဲ့ တည်ဆောက် ထားပါတယ်။ အင်ဂျင်ကို တာဘိုချာဂျာ နှစ်လုံးတပ် ၄၂၀၀ စီစီ ဆလင်ဒါ ၈ လုံး V အင်ဂျင် တပ်ဆင် အသုံးပြု ထားပါတယ်။ ဒါကြောင့် မြင်းကောင်ရေ ၇၉၀ အထိ ထုတ်လုပ်နိုင်ပြီး အမြင့်ဆုံး speed တစ်နာရီ ၂၂၅ မိုင် အထိ မောင်းနှင် နိုင်မှာ ဖြစ်ပါတယ်။ ဂီယာ ၆ချက် လက်ထိုး၊ အော်တို နှစ်မျိုးလုံး တွဲသုံး နိုင်မှာ ဖြစ်ပါတယ်။ ကားရဲ့ ခေါင်မိုးမှာ လေဝင်ပေါက် တစ်ခု ထားရှိ ထားပြီး အင်ဂျင်အတွက် အသုံးပြု စေမှာ ဖြစ်ပါတယ်။

အလေးချိန် အားဖြင့် ပေါင် ၂၄၀၀ မှ ၂၆၀၀ ကြားရှိမယ့် Apollo ကို ပေါ့ပါး အကြမ်းခံ သတ္တုများဖြင့် တည်ဆောက် ဖွဲ့စည်း ထားပါတယ်။ လိုင်ဂုဏ်လို နေရာမျိုးမှာ ဆန်းသတ် မောင်းနှင်စဉ် သူမ တူအောင် စွမ်းဆောင် ပြခဲ့တဲ့ Apollo ဟာ ရှေ့ဘီးမောင်း စနစ်ကား ဖြစ်ပါတယ်။ ၁၇၅.၆ လက်မ၊ အကျယ် ၇၈.၇ လက်မ၊ အမြင့် ၄၃.၉ လက်မသာ ရှိတဲ့ ကျစ်ကျစ် လစ်လစ် ပြိုင် ကား ဖြစ်ပါတယ်။

Apollo ကို ယနေ့ အချိန်ထိ ထုတ်လုပ်လျက် ရှိသေးပြီး ဈေးနှုန်းအားဖြင့် အမေရိကန် ဒေါ်လာ ၄ သိန်း ၄ သောင်း ဝန်းကျင် တန်ဖိုးရှိတဲ့ အဆင့်မြင့် ပြိုင်ကား ဖြစ်ပါတယ်။

Ref : Gumpert
ColayOnline : Automobile
From : Royal Hero media

No comments:

Post a Comment