“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, January 11, 2013

လေယာဉ်အကြာကြီးစီးခြင်းကြောင့် ကိုယ်လက်ပင်ပန်းမှု မဖြစ်ရလေအောင်

လေယာဉ်အကြာကြီးစီးခြင်းကြောင့် ကိုယ်လက်ပင်ပန်းမှု မဖြစ်ရလေအောင်   ........
  
လေယာဉ်အကြာကြီးစီးပြီး ခရီးနှင်ရတဲ့သူတွေမှာ အိပ်ရေးမဝတာနဲ့ ပင်ပန်းနွမ်းနယ်တာတွေ ခံစားရတတ်လေ့ရှိပါတယ်။ ဒါ့အပြင် ပင်ပန်းနွမ်းနယ်မှုကြောင့် ခရီးဆောင်အိတ်ပျောက်ခြင်း၊ နိုင်ငံကူးစာအုပ် ( ပတ်စ်ပို့ ) ပျောက်ဆုံးခြင်းစတဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့အတူ နေထိုင်မကောင်းခြင်းတွေပါ ဖြစ်စေတတ်ပါတယ်။ 

ဒါကြောင့် အချိန်အကြာကြီး လေယာဉ်စီးပြီး ကိုယ်လက်ပင်ပန်းမှု မခံစားရလေအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေမွှေးပန်းဆီ 
ရေမွှေးပန်းဆီကို အိပ်ပျော်စေတဲ့ အာနိသင်ရှိတဲ့ အဆီအဖြစ် သိကြပါတယ်။ ဝက်စလေးရန်တက္ကသိုလ်ရဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေက ရေမွှေးပန်းဆီကို အိပ်ပျော်စေတဲ့ အာနိသင်ရှိတဲ့အတွက် ခေါင်းအုံးမှာ ဆွတ်အိပ်ရင် နောက်တစ်နေ့မှာ လန်းလန်းဆန်းဆန်း နိုးထနိုင်ကြောင်း ဆိုပါတယ်။ ဒါကြောင့် လေယာဉ်နဲ့ ခရီးသွားတဲ့အခါ ရေမွှေးပန်းဆီ ပုလင်းသေးတစ်လုံး ဆောင်ထားပါ။ ဒါမှမဟုတ် ရေမွှေးပန်းဆီ ဆွတ်ထားတဲ့ ပဝါစကို ခေါင်းအောက်မှာထားပြီးအိပ်ပါ။

၂။ နေပူဆာလှုံပါ 
ကမ္ဘာ့အနောက်ခြမ်းကနေ အရှေ့ခြမ်း၊ အရှေ့ခြမ်းကနေ အနောက်ခြမ်းဆီကို လေယာဉ်စီးပြီး ခရီးသွားတဲ့အခါ ရောက်တဲ့နေ့မှာ ပင်ပန်းနွမ်းနယ်ကာ အိပ်ငိုက်နေတတ်ပါတယ်။ ညမှာ အိပ်ရေးဝအောင်အိပ်ပြီး နေ့ဘက်မှာ နေပူဆာလှုံပေးပါ။ လန်းဆန်းတက်ကြွစေဖို့ နေရောင်ခြည်ထဲမှာ လမ်းလျှောက်ပေးဖို့ လိုပါတယ်။

၃။ မယ်လတိုနင်ဆေး
ခန္ဓာကိုယ်ရဲ့ အိပ်စက်နိုးထမှု စက်ဝန်းကို ညှိပေးတဲ့ သဘာဝဟော်မုန်း မယ်လတိုနင်ကို ဆေးအဖြစ် မှီဝဲနိုင်ပါတယ်။ ညမှောင်လာတဲ့အခါ မယ်လတိုနင် ဟော်မုန်းပမာဏ မြင့်တက်လာပြီး နံနက်ခင်းရောက်ချိန်မှာ ဟော်မုန်းကျလာပါတယ်။ တချို့ လေ့လာမှုတွေအရ မယ်လတိုနင် ဆေးမှီဝဲတာဟာ လေယာဉ် အကြာကြီးစီးပြီး ကိုယ်လက်ပင်ပန်းမှု ( Jet Lag ) မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ မယ်လတိုနင်ဆေးဟာ သင်မှီဝဲနေရတဲ့ ဆေးဝါးတွေနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်စေနိုင်တဲ့အတွက် ဆေးမသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

၎။ အချိန်ဇယား ဆွဲထားပါ 
ခရီးစထွက်ချိန်နဲ့ ခရီးရောက်ရှိမယ့်အချိန်ကို ကြိုတွေးပြီး အချိန်ဇယားအတိုင်း လိုက်လျောညီထွေနေမှသာ Jet Lag မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ ဖြစ်နိုင်ရင် ရောက်တဲ့အချိန်မှာ လန်းဆန်းနေအောင် လေယာဉ်ပေါ်မှာ အိပ်ပျော်နိုင်အောင် ကြိုးစားပါ။

၅။ လမ်းလျှောက်ပါ 
လေယာဉ်ပေါ်မှာ အကြာကြီးထိုင်ပြီး အိပ်မပျော်နိုင်ရင် လမ်းထလျှောက်ပေးပါ။ လမ်းလျှောက်ပြီးမှ ပြန်အိပ်ပျော်ဖို့ ကြိုးစားပါ။ ဒါဟာ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကို အထိုက်အလျောက် သက်သာစေနိုင်ပါတယ်။Health
လေယာဉ်အကြာကြီးစီးပြီး ခရီးနှင်ရတဲ့သူတွေမှာ အိပ်ရေးမဝတာနဲ့ ပင်ပန်းနွမ်းနယ်တာတွေ ခံစားရတတ်လေ့ရှိပါတယ်။ ဒါ့အပြင် ပင်ပန်းနွမ်းနယ်မှုကြောင့် ခရီးဆောင်အိတ်ပျောက်ခြင်း၊ နိုင်ငံကူးစာအုပ် (ပတ်စ်ပို့) ပျောက်ဆုံးခြင်းစတဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့အတူ နေထိုင်မကောင်းခြင်းတွေပါ ဖြစ်စေတတ်ပါတယ်။

ဒါကြောင့် အချိန်အကြာကြီး လေယာဉ်စီးပြီး ကိုယ်လက်ပင်ပန်းမှု မခံစားရလေအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေမွှေးပန်းဆီ
ရေမွှေးပန်းဆီကို အိပ်ပျော်စေတဲ့ အာနိသင်ရှိတဲ့ အဆီအဖြစ် သိကြပါတယ်။ ဝက်စလေးရန်တက္ကသိုလ်ရဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေက ရေမွှေးပန်းဆီကို အိပ်ပျော်စေတဲ့ အာနိသင်ရှိတဲ့အတွက် ခေါင်းအုံးမှာ ဆွတ်အိပ်ရင် နောက်တစ်နေ့မှာ လန်းလန်းဆန်းဆန်း နိုးထနိုင်ကြောင်း ဆိုပါတယ်။ ဒါကြောင့် လေယာဉ်နဲ့ ခရီးသွားတဲ့အခါ ရေမွှေးပန်းဆီ ပုလင်းသေးတစ်လုံး ဆောင်ထားပါ။ ဒါမှမဟုတ် ရေမွှေးပန်းဆီ ဆွတ်ထားတဲ့ ပဝါစကို ခေါင်းအောက်မှာထားပြီးအိပ်ပါ။

၂။ နေပူဆာလှုံပါ
ကမ္ဘာ့အနောက်ခြမ်းကနေ အရှေ့ခြမ်း၊ အရှေ့ခြမ်းကနေ အနောက်ခြမ်းဆီကို လေယာဉ်စီးပြီး ခရီးသွားတဲ့အခါ ရောက်တဲ့နေ့မှာ ပင်ပန်းနွမ်းနယ်ကာ အိပ်ငိုက်နေတတ်ပါတယ်။ ညမှာ အိပ်ရေးဝအောင်အိပ်ပြီး နေ့ဘက်မှာ နေပူဆာလှုံပေးပါ။ လန်းဆန်းတက်ကြွစေဖို့ နေရောင်ခြည်ထဲမှာ လမ်းလျှောက်ပေးဖို့ လိုပါတယ်။

၃။ မယ်လတိုနင်ဆေး
ခန္ဓာကိုယ်ရဲ့ အိပ်စက်နိုးထမှု စက်ဝန်းကို ညှိပေးတဲ့ သဘာဝဟော်မုန်း မယ်လတိုနင်ကို ဆေးအဖြစ် မှီဝဲနိုင်ပါတယ်။ ညမှောင်လာတဲ့အခါ မယ်လတိုနင် ဟော်မုန်းပမာဏ မြင့်တက်လာပြီး နံနက်ခင်းရောက်ချိန်မှာ ဟော်မုန်းကျလာပါတယ်။ တချို့ လေ့လာမှုတွေအရ မယ်လတိုနင် ဆေးမှီဝဲတာဟာ လေယာဉ် အကြာကြီးစီးပြီး ကိုယ်လက်ပင်ပန်းမှု ( Jet Lag ) မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ မယ်လတိုနင်ဆေးဟာ သင်မှီဝဲနေရတဲ့ ဆေးဝါးတွေနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်စေနိုင်တဲ့အတွက် ဆေးမသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

၎။ အချိန်ဇယား ဆွဲထားပါ
ခရီးစထွက်ချိန်နဲ့ ခရီးရောက်ရှိမယ့်အချိန်ကို ကြိုတွေးပြီး အချိန်ဇယားအတိုင်း လိုက်လျောညီထွေနေမှသာ Jet Lag မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ ဖြစ်နိုင်ရင် ရောက်တဲ့အချိန်မှာ လန်းဆန်းနေအောင် လေယာဉ်ပေါ်မှာ အိပ်ပျော်နိုင်အောင် ကြိုးစားပါ။

၅။ လမ်းလျှောက်ပါ
လေယာဉ်ပေါ်မှာ အကြာကြီးထိုင်ပြီး အိပ်မပျော်နိုင်ရင် လမ်းထလျှောက်ပေးပါ။ လမ်းလျှောက်ပြီးမှ ပြန်အိပ်ပျော်ဖို့ ကြိုးစားပါ။ ဒါဟာ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကို အထိုက်အလျောက် သက်သာစေနိုင်ပါတယ်။
 
Health

No comments:

Post a Comment