“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, January 9, 2013

မျက်ကပ်မှန် တပ်ဆင် အသုံးပြုသူများ အတွက်

မျက်ကပ်မှန် တပ်ဆင် အသုံးပြုသူများ အတွက်   .............

မျက်စိပိုးဝင်မှုနဲ့ ထိခိုက်ဒဏ်ရာရခြင်း မဖြစ်အောင် ကာကွယ်ပါ။ အထူးသဖြင့် မျက်ကပ်မှန် တပ်ဆင်နေသူတွေ အနေနဲ့ ဂရုစိုက်ဖို့ အချိန်ပေးသင့်ပါတယ်။အချိန်မရဘူး လောလောတော့ မလုပ်သင့်ဘူးဆိုတာ အထူးသတိချပ်သည်ပါတယ် ။

ဆောင်ရန်
- မျက်စိပြဿနာ ရှိ၊ မရှိ သိအောင် ခြောက်လတစ်ကြိမ် မျက်စိအထူးကု ဆရာဝန်ဆီ သွားပါ။
- မျက်ကပ်မှန် တပ်ဆင်သူတိုင်း လိုက်နာသင့်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါ။ 
- မျက်စိဆရာဝန် ညွှန်ကြားတဲ့ မျက်ကပ်မှန်ဆေးရည်နဲ့ မျက်စဉ်းဆေးကိုသာ သုံးပါ။
- မျက်ကပ်မှန်တပ်ဆင်ပြီး အမြင်အာရုံ ပြောင်းလဲလာရင်၊ မျက်စိနီရဲ လာရင်၊ မျက်စိနာကျင်ကာ မသက်မသာ ခံစားရရင်၊ မျက်ရည်ကျနေရင် မျက်ကပ်မှန်ကို ဖြုတ်ပြီး ဆရာဝန်နဲ့ ချက်ချင်းပြပါ။ 
- မျက်ကပ်မှန်ကို မထိတွေ့ခင် လက်တွေကို စင်ကြယ်အောင် သေချာဆေးကြော သန့်စင်ပါ။ 
- သုံးပြီးတဲ့ မျက်ကပ်မှန်တွေကို သေချာဆေးကြောပြီး မျက်ကပ်မှန် ဆေးရည်ထဲ ထည့်စိမ်ပါ။ 
- ခြောက်လကြာတိုင်း၊ မျက်ကပ်မှန် ထည့်တဲ့ဘူးကို အသစ်လဲလှယ် အသုံးပြုပါ။

ရှောင်ရန် 
- မျက်ကပ်မှန်ကို တံတွေးဆွတ်ပြီး ဘယ်တော့မှ မသုံးပါနဲ့။ 
- မျက်ကပ်မှန်ကို ရိုးရိုးရေ၊ ဆားရည်စတာတွေနဲ့ မဆေးကြောပါနဲ့။ ရေကူးတဲ့ အခါနဲ့ ရေချိုးတဲ့အခါ မျက်ကပ်မှန် မတပ်ပါနဲ့။ 
- ညအိပ်တဲ့ အခါနဲ့ တစ်ရေးအိပ်တဲ့ အခါတွေမှာ မျက်ကပ်မှန်ကို မတပ်ပါနဲ့ 
- ဆရာဝန်ညွှန်ကြားတဲ့ အချိန်အတိုင်းအတာ အတွင်းမှာသာ မျက်ကပ်မှန်ကို တပ်ဆင်အသုံးပြုပါ။
အမ

No comments:

Post a Comment