“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, January 9, 2013

ကမ္ဘာ့ အကြီးဆုံး မိုးလုံလေလုံ အပန်းဖြေ ကစားကွင်း

Ferrari World လို့ အမည်ရတဲ့ အပန်းဖြေ ကစားကွင်း ဖြစ်ပြီး ကမ္ဘာ့ အကြီးဆုံး အပန်းဖြေ ကစားကွင်း လို့လည်း စံချိန် တင်ထား ပါတယ်။

တည်နေရာ ကတော့ အာရပ် ဇော်ဘွားနိုင်ငံ၊ အဘူဒါဘီ မြို့ က Yas ကျွန်းပေါ်မှာ ဖြစ်ပါတယ်။ အမိုးနဲ့တင် စုစုပေါင်း ဧရီယာက စတုရန်း ၂သိန်း မီတာ ကျယ်ဝန်း ပါတယ်။ အမြင့်ပေ ၁၆၄ ပေ ဝန်းကျင်လောက် အမြင့် ကနေ ဖုံးအုပ် ထားပေးတာ ဖြစ်ပါတယ်။ အထဲမှာ တစ်နာရီမိုင် ၁၅၀ ကျော်ပြေးတဲ့ ကမ္ဘာ့ အမြန်ဆုံး ရိုလာကို စတာလည်း ရှိပါတယ်။ အခြားသော အပန်းဖြေ ကစားကွင်း များလည်း ရှိပါတယ်။

အီတလီ အခြေဆိုက် Ferrari ပြိုင်ကားထုတ် ကုမ္မဏီက တည်ဆောက် ထားခြင်း ဖြစ်ပြီး Ferrari ကုန်အမှတ် တံဆိပ်ကို လူသိများ စေတဲ့ အခြား ကြော်ငြာ နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် နှောင်းပိုင်းက စဆောက်ပေမယ့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ လောက်မှ စတင် ဖွင့်လှစ် နိုင်ခဲ့ ပါတယ်။
အထဲမှာ Ferrari ကုမ္မဏီရဲ့  နာမည်ကြီး ကားများကို ပြသထား တဲ့ ပြတိုက် လည်း ရှိပါတယ်။ Ferrari World ရဲ့ တည်ဆောက်မှု ပုံစံဟာ ယခုလို သားသား နားနား ရှိနေတာကိုလည်း မြင်တွေ့ရပါတယ်။

Ref : Yoyarlay
http://www.myawady.com.mm/tech/globaltechnews/item/3933

No comments:

Post a Comment