“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, January 18, 2013

ဦးနှောက်ကို ပျက်စီးစေသော အကြောင်း (၁၀)ချက်

(၁) စကားနည်းခြင်း

အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့
စွမ်းရည်ကို တိုးတက်စေပါတယ်။

(၂) စိတ်ဝင်စား တက်ကြွစွာ စဉ်းစားတွေးခေါ်မှု မရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း
ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင်
ဦးနှောက်ကို ကျုံ့စေပါတယ်။

(၃) ကျန်းမာရေး မကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း

ကျန်းမာရေး မကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ် ပြင်းထန်စွာ လုပ်တာမျိုး၊
စာကျက် စာဖတ် တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှု တွေကို လျော့ကျစေသလို
ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

(၄) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း

ခေါင်းကို ဖုံးအုပ်ပြီး (ခေါင်းမြီး ခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်
အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင် စုစည်းမှုကိုတော့
လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးတဲ့ အကျိုးဆက် ကိုရစေပါတယ်။

(၅) အိပ်ချိန် မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရ စေပါတယ်။ အိပ်ချိန် မလုံလောက်တာမျိုး ရေရှည်
ဖြစ်လာတဲ့ အခါမှာ ဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မား လာစေပါတယ်။

(၆) လေထု ညစ်ညမ်းခြင်း

ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့ အစိတ်အပိုင်း
ဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ လေကို ရှုသွင်းခြင်း အားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်
ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

(၇) အချိုများ လွန်ကဲစွာ စားခြင်း

အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတား
ဖြစ်စေပြီး အာဟာရ ချို့တဲ့ စေတဲ့အပြင် ဦးနှောက် ဖွံ့ဖြိုးမှု ကိုပါ အနှောင့်
အယှက် ဖြစ်စေပါတယ်။

(၈) ဆေးလိပ် သောက်ခြင်း

(ခဏခဏ ပြောလွန်းလို့ နောက်ဆို ဆေးလိပ် သောက်တတ်သူတွေ ကျွန်တော့်စာကို လာဖတ်
ကြပါတော့ မလားတောင် မသိဘူး) ဆေးလိပ် သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို
အယ်လ်ဇိုင်းမား ရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစား ဆင်ခြင်နိုင်စွမ်း တွေကို
ကျဆင်းစေတဲ့ ရောဂါ) ပါဖြစ်လာနိုင် ပါတယ်။

(၉) လွန်ကဲစွာ စားသောက်ခြင်း

လိုအပ်တာထက် ပိုစားသောက် ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြော တွေကို
တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

(၁၀) မနက်စာ မစားခြင်း

မနက်စာ မစားသူတွေဟာ သွေးထဲမှာ ပိုနည်းတဲ့ သကြားဓာတ် ရစေပါတယ်။ အဲဒါရဲ့
အကျိုးဆက် အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့ အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့
စွမ်းရည်ကို ကျဆင်းစေပါတယ်။

Credit - Original up-loader

အေးချမ်းမွန်မှ  ရေးမိရေးရာလေးများ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

No comments:

Post a Comment