“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, November 24, 2012

ကမ္ဘာ့ အရှည်ဆုံး ချောကလက် ရထား မော်လ်တာ နိုင်ငံတွင် ပြုလုပ်

Photo: ကမ္ဘာ့ အရှည်ဆုံး ချောကလက် ရထား မော်လ်တာ နိုင်ငံတွင် ပြုလုပ်

ဥရောပ တိုက်ရှိ မော်လ်တာ နိုင်ငံတွင် ချောကလက် တစ်မျိုးတည်းဖြင့် ရထား တည်ဆောက်ခဲ့ရာ ကမ္ဘာ့ အရှည်ဆုံး ချောကလက် ရထားအဖြစ် ဂင်းနစ် မှတ်တမ်းတင် ခံရကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

၎င်းအား ဘရပ်ဆယ်လ်မြို့ တောင်ပိုင်း ဘူတာရုံ၌ ခင်းကျင်း ပြသခဲ့ပြီး ၎င်းမှာ ၁၁၂ ပေ(၃၄ ဒသမ ၅ မီတာ) ရှည်၍ ၂၇၅၅ ပေါင် (၁၂၅ဝ ကီလို) ကျော် အလေးချိန် ရှိကြောင်း သိရသည်။

အပြောင်မြောက်ဆုံး လက်ရာဖြစ်သော အဆိုပါ ချောကလက် ရထားအား နာရီပေါင်း ၇ဝဝ ကျော်ကြာ ပြုလုပ် ခဲ့သည်ဟု ရထား ပြုလုပ် ဖန်တီးသူ ပညာရှင် အန်ဒရူး ဖာရူဂျီယာက ပြောကြား ခဲ့သည်။

ဖာရူဂျီယာသည် ယခင်ကလည်း ၁၂ ပေ အရှည်ရှိ မီးရထား တစ်စင်း ပြုလုပ် ခဲ့ဖူးကြောင်း သိရသည်။ ယခု ပြုလုပ်ထားသည့် ချောကလက် ရထားတွဲ များတွင် အပိုင်းနှစ်ပိုင်း ပါရှိ၍ ပထမ ခုနစ်တွဲအား ဘယ်လ်ဂျီယံ တွင် လက်ရှိ ပြေးဆွဲနေသော ရထားတွဲ ပုံစံပြုလုပ် ထားပြီး ကျန်အတွဲ များကို ဘားတစ်ခုနှင့် စားသောက်ဆိုင် တစ်ခု ပါရှိသော တွဲတစ်တွဲ အပါအဝင် ရှေးဟောင်း ရထား တွဲများ ပုံစံ ပြုလုပ်ထားသည်။

အင်ဒရူးသည် သစ်သားသေတ္တာ ၂၅ လုံးထဲတွင် ချောကလက် ရထားတွဲ ထည့်၍ ကုန်တင်ကားဖြင့် မော်လ်တာ နိုင်ငံမှ ဘယ်လ်ဂျီယံ နိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။  

http://myawady.net.mm/all-news/international-news/2012-11-24-03-58-52

No comments:

Post a Comment