“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, September 27, 2012

စိတ်ဖောက်ပြန်ရောဂါကို မြွေဟောက်၏အဆိပ်ဖြင့် ကုသနိုင်

 
ဆင်တစ်ကောင်ကိုပင် တုံးလုံး လဲကျ သွားနိုင်အောင် ပေါက်သတ်နိုင်သော တောကြီးမြွေဟောက်၏ အဆိပ်သည်
ဦးနှောက် ဒဏ်ရာရမှုကြောင့် ဖြစ်သော စိတ်ဖောက်ပြန်မှု ရောဂါဖြစ်စတွင်ကုသနိုင်ကြောင်း စင်ကာပူအမျိုးသား တက္ကသိုလ်မှ သုတေသီများကတွေ့ရှိခဲ့ကြသည်။

အဆိပ်အတောက် ကျွမ်းကျင်သူ မန်ဂျူနာသာကီနီက ဗက်တီးရီးယား ပိုးကြောင့်ဖြစ်သော
အဆိပ်အတောက်သည် ကြွက်သား အာရုံကြောနှိုးဆွမှုကို ကာကွယ်ပေးခြင်းဖြင့်
ကြွက်သားများ ကျဉ်းမြောင်းသွားမှုကို သက်သာစေကြောင်း ပြောသည်။

ထိုဆေးကို ခြောက်လမှ ရှစ်လ အတွင်းတစ်ကြိမ် ထိုးပေးခြင်းဖြင့် နို့တိုက် သတ္တဝါများတွင် ရှိသောNA-CHR (ပတ်ဝန်းကျင် ပြောင်းလဲမှုများကိုမှတ်သား၍ မိမိအာရုံကြောစနစ်တွင်လှုံ့ဆော်စေသောဆဲလ်)တွင် အကျိုးသက်ရောက်မှုရှိသည်ကိုတွေ့ရသည်။

သို့သော် ယခုအချိန်ထိ ထိုဆေးကို ကြွက်များနှင့်သာစမ်းသပ် သောအဆင့်တွင်သာ ရှိကြောင်း သိရသည်။



လူသားများတွင်ဖြစ်ပေါ်တတ်သော ဦးနှောက်ဒဏ်ရာကြောင့် စိတ်ဖောက် ပြန်မှုရော
ဂါကို ကုသနိုင်ဖွယ်ရှိကြောင်း ပါမောက္ခကီနီက ပြောပြသည်။
စင်ကာပူအမျိုးသားတက္ကသိုလ်မှ ၁၀ဦးပါအဖွဲ့သည် သြစတြေးလျ၊ ဆွစ်ဇာလန် အစရှိသောနိုင်ငံ
များမှ သုတေသီများဖြင့် ပူးပေါင်းဆောင်ရွက်နေကြပြီး ၎င်းတို့၏ တွေ့ရှိချက် များကို ဆေးပညာ
ဂျာနယ်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

တောကြီးမြွေဟောက်၏အဆိပ် မှထုတ်လုပ်သော Haditoxin ဓာတ် ပေါင်းသည် သုတေသီများ
အတွက်တတိယ ဆေးအမျိုးအစားသာဖြစ်ပြီးစိတ်ပူပန်မှု ရောဂါကိုကုသောOhanin နှင့် သွေး
တိုးရောဂါကုသနိုင်သောB-Ca- rdiotoxin ဓာတ်ပေါင်းများလည်း ပါဝင်သည်။ ၎င်းဆေးများကို သုတေသန ပြုဆဲဖြစ်ပြီး ဆေးဝါးအဖြစ် ထုတ်လုပ်မည် ဖြစ်သည်။

Mg Mandalay Face Book မှကူးယူဖော်ပြသည်။
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A474400&xgs=1&xg_source=msg_share_post

No comments:

Post a Comment