“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, September 27, 2012

သီးစုံပဲဟင်း ချက်ကြမယ်

သီးစုံပဲဟင်းချက်ရန် ပါဝင်သော ပစ္စည်းများ

၁ ။ ကုလားပဲခြမ်း ၂၅၀ ဂရမ်
၂။ ဗူးသီးတစ်စိပ်(သို့) တစ်လုံး (ပြည်ပက ဗူးသီးတွေက သေးသေးလေးတွေ)
၃ ။ခရမ်းသီးကြီး တစ်လုံး
၎။ရုံးပတီသီး (၁၀)တောင့်ခန့်
၅။ပဲသီး တစ်စည်း (၁၀)တောင့်ခန့်
၆။ပျဉ်းတော်သိမ်ရွက်(ခေါ်)ဆီသတ်ရွက် အနည်းငယ်
၇။ဟင်းချက်မာဆလာ ကော်ဖီဇွန်းတစ်ဇွန်း
၈။မန်းကျည်းသီးမှည့် စားပွဲတင်ဇွန်း တစ်ဇွန်း(ရေဖျော်ထားပါ)
၉။ ကြက်သွန်ဖြူ၊နီ၊ ဂျင်း
၁၀။နံနွင်းမုန့်အနည်းငယ်
၁၁။ ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်
၁၂။ဆား စားပွဲတင်ဇွန်း တစ်ဇွန်း (သို့) မိမိနှစ်သက်သော အတိုင်းအတာ
အချိုမုန့် ထည့်ဝင်လိုက ထည့်ဝင်နိုင်ပါသည်။

ဟင်းချက်ရန်ပြင်ဆင်မယ်

သီးစုံပဲဟင်း ချက်တော့မယ်လို့ စိတ်ကူးရှိရင် ပဲတွေကို ကြိုပြီးရေစိမ်ထားလိုက်တာက ချက်ပြုတ်ရာမှာ မြန်ဆန်အောင် ကူညီရာရောက်ပါတယ်။ ညလုံးပေါက် စိမ်းထားလိုကလဲ ရပါသည်။ ရေစိမ်မထားပဲ ချက်ချင်းချက်ပါက အနည်းငယ်အချိန်ပိုပေး၍ ပြုတ်ရပါမည်။
သင့်မီးဖိုချောင်ထဲမှာ မုန့်ဖုတ်ဆိုဒါ ရှိနေပါက ဆိုဒါအနည်းငယ် ထည့်ဝင်ချင်းဖြစ် (ကော်ဖီဇွန်း တစ်ဝက်စာမျှ) ပဲများနူးလွယ်ကာ အချိန်ကုန်သက်သာစေပါသည်။
၁။ ရေစင်စင်ဆေးထားသော ပဲများကိုမီးဖိုပေါ်တင်၍ နူးအောင်ပြုတ်ထားရပါမည်။
၂။ ပဲပြုတ်နေစဉ်တွင်း မိမိထည့်ဝင်လိုသော အသီးအနှံများကို မိမိစိတ်ကြိုက်အရွယ်အစား လှီးထားပါ။
၃။ ကြက်သွန်ဖြူ၊နီ၊ဂျင်းများကို ညှက်အောင်ထောင်း၍သော်လည်းကောင်း၊ သေးငယ်သော အပိုင်းစများဖြစ်အောင် ဓားနှင့်စဉ်း၍သော်လည်းကောင်း အဆင်ပြေသည့်နည်းနှင့် အသုံးပြု၍
မီးဖိုပေါ်တွင် ဒယ်အိုးတင် ၊ ဒယ်အိုပူလာလျှင် ဆီအနည်းငယ်ထည့် ၊ ဆီကျက်လောက်သည့် အချိန်တွင် နံနွင်၊ငရုတ်သီးအရောင်တင်မှုန့်၊ ကြက်သွန်၊ဖြူနီ၊ဂျင်း တို့ကို ထည့်၍ကြော်ပါ။
ကြက်သွန်ဆီသတ် ကျက်လုကာ ရနံ့များမွှေးလာသည့်အချိန်တွင် ဆီသတ်ရွက်ကို ထည့်ကြော်ပါ။
၎။မိမိစိတ်ကြိုက်အရွယ်အစား လှီဖြတ်ထားသော အသီးအနှံများကို ထည့်၍ မွှေပြီး ပူနွေးလာလျှင် ရသာထည့်ပါ။(ဆားအချိုမုန့်ကဲ့သို့သော)
ချက်ပြုတ်ရာတွင် မိမိချက်သည့် အသီးအရွက်၊ အသားငါးများအား မချက်ရသေးခင် ရသာများ နယ်လိုက နယ်ထား၊ မနယ်ထားပဲ ချက်ပါက စိတ်ချရသည့် မီးအပူချိန်ရပြီး ဆူပွက်လာသည်အထိ စောင့်ပြီး ရသာများထည့်ဝင်ပါ။ သို့မဟုတ်ပါက ဟင်းရသာပြောင်းသွားနိုင်၏။
၅။ ကြိုတင်၍ ပြုတ်ထားသော ပဲများ လောင်းထည့်၍ အတူတူရောမွှေနိုင်ပါပြီ။
 ဟင်းအိုးလဲဆူပွက် ၊သီးနှံတွေလဲနူးပြီးဆိုရင် အပေါ့အငံမြည်းပြီး သင့်ဟင်းအိုးလေး မီးဖိုပေါ်မှ ဖယ်နိုင်ပါပြီ။
 မေကတော့ ကြက်ဥတွေပါ ပြုတ်ပြီးထည့်ထားတယ်။
ရသာရှိတဲ့ သီးစုံပဲဟင်းပူပူလေးကို မြိန်ရည်ရှက်ရည် စားသုံးလိုက်ကြအုံးစို့လားကွယ်။

♥♥ မေသဇင်
 http://www.zwekapinmyae.com/profiles/blogs/2879352:BlogPost:798273

No comments:

Post a Comment