“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, September 17, 2012

"ချွေးအလွန်အကျွံ ထွက်ခြင်းကို ဘယ်လို ကုသမလဲ"

ချွေးအလွန် အကျွံ ထွက်ခြင်း Hyperhidrosis ဆိုတာ ကတော့ အေးနေတဲ့ အချိန်နဲ့ အနားယူနေ စဉ်မှာ ချွေးများ ထွက်နေခြင်း ဖြစ်ပါ တယ်။ချွေးအလွန် အကျွံ ထွက်ခြင်းဟာ ချွေးဂလင်းအိတ် အလုပ်လုပ်မှုများတဲ့ သူတွေမှာ ဖြစ်တတ်ပြီး အခြားသော ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဥပမာ- စိတ်လှုပ်ရှားခြင်း၊
နှလုံးရော ဂါ၊ သွေးဆုံးခြင်း သို့မဟုတ် ကင်ဆာ ရောဂါ ခံစားနေရသူတွေ မှာလည်း ဖြစ်တတ်ပါတယ်။
ထိုကဲ့သို့သော သူများအတွက် ဆရာဝန် များဟာ မကြာခဏ အလူမီနီယမ် ကလိုရိုက် ပါဝင်တဲ့ ချွေးနံ့ပျောက်ဆေးကို အသုံးပြုဖို့ ညွန်ကြားလေ့ရှိကြပါ တယ်။ Anticholinergic Drugs ကဲ့သို့သောဆေးဝါးများဟာ ချွေး ဂလင်းများအား လှုံ့ဆော်မှုကို ကာ ကွယ်ပေးနိုင်တာကြောင့် အဆိုပါ ဆေးဝါးများကိုလည်း ဆရာဝန်များက ညွှန်ကြားလေ့ရှိပါတယ်။

ဒါပေမယ့် ထို ဆေးဝါးများရဲ့ဘေးထွက်ဆိုးကျိုးက တော့ အာခေါင်ခြောက်ခြင်း၊မူးဝေ ခြင်း၊ ဆီးသွားရတာ ခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။Iontophoresis ဆိုတဲ့နည်းလမ်းကတော့ လျှပ်စစ် ဓာတ်ကို အသုံးပြုပြီး ချွေးဂလင်းများ ကို ယာယီပိတ်ဆို့သွားစေကာ ချွေး ထွက်လွန်ခြင်းပြဿနာကို ဖြေရှင်းနိုင် ပါတယ်။
အရေးအကြောင်းပျောက် စေတဲ့ Botox ထိုးဆေးကို အသုံးပြု ပြီး ချိုင်းချွေးအလွန်အကျွံထွက်ခြင်း ပြဿနာကို ဖြေရှင်းနိုင်ပေမယ့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်း များတွင် ထိုးပါက ထိုအစိတ်အပိုင်း ရှိ ကြွက်သားများ အင်အားချည့်နဲ့ သွားပြီး ပြင်းထန်စွာ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ချွေး အလွန်အကျွံထွက်ခြင်း
အခြေအနေ ကို စနစ်တကျ ကုသသင့်ပါတယ်။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1436168&xgs=1&xg_source=msg_share_post

No comments:

Post a Comment